ဘိလပ်မြေဈေးကွက်မှာ မိုးများပေမယ့် အရောင်းအဝယ်ဖြစ်

Tue, 06/28/2016 - 07:26 -- admin_ygn

       ဇွန် ၁၂ ရက်မှ ၁၈ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၃၁၂၅၇ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေ အဝင် မှာ ၄၆၁၀၇ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၄၈၀၀ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှဘိလပ်မြေ အဝင်မှာ ၁၀၆၆၈ တန် ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၈၈၂၄  ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ ၈၁၅၅ တန် ကျော်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ် ပတ်မှာ ရေလမ်းမှရောနယ်စပ်လမ်းမှ ပါ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။
       မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန် ဖြစ်ပေမယ့် ဈေးငြိမ်နေသေးတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၅၃၂၅ ကျပ်၊ ကြံ့(မြိုင်ကလေး)၄၈၅၀ ကျပ်၊စိန် (ထိုင်း) ၅၁၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်း ဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးသလို ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ေ ဈးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ စိန် (ထိုင်း) ၇၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၇၅၀၀ ကျပ်၊ အေသုံးလုံး ၅၂၀၀ ကျပ်၊ အပါချီ ၄၉၀၀  ကျပ်၊ ကမ္ဘောဇ ၄၈၀၀ ကျပ်၊ နဂါး ၅၂၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ ပတ် လမ်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရပါတယ်။
        မကွေးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီတစ်ပတ်ဆင်(ထိုင်း)က ဈေးနည်းနည်းကျလာပေမယ့် ကျန် ဘိလပ်မြေ များက ငြိမ်နေသေးတယ်လို့ အိမ်ဆောက်ပစ္စည်း အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောခဲ့ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ၆၅၀၀ ကျပ်၊ အပါချီ ၅၃၀၀ ကျပ်၊  မြင်းခေါင်း၅၅၀၀ ကျပ်၊ ကြံ့ ၆၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အေ ရာင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages