ဖျာပုံမြို့မဈေးတွင်ရောင်းချနေသော ဝလုံးအမှတ်တံဆိပ် ပဲပြားတွင် ဖော်မလင် သုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိ

Wed, 08/02/2017 - 03:58 -- admin_ygn

        တိုင်းဒေသကြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုး ဦးဆောင်သော အဖွဲ့နှင့် ဖျာပုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်ေ သာ ပူးပေါင်း အဖွဲ့တို့သည် ဇူလိုင် ၂၂ ရက်ကဖျာပုံမြို့ရှိ မြို့မဈေး ကြီး၊ ကျောက်ပြားတန်းဈေး၊ ဆိပ်ကမ်းသာဈေးတို့တွင် ရောင်းချ နေသော မုန့်ဟင်းခါးဖတ်၊ နန်းပြားဖတ်နှင့် ပဲပြားတို့အား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
      ထိုကဲ့သို့စစ်ဆေးရာတွင် မုန့်ဟင်းခါးဖတ်နှင့် နန်းပြား ဖတ်တို့တွင် ဓာတုဆေးဝါးများသုံးစွဲထားခြင်းမရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ပဲပြားတံဆိပ်အမှတ်အမှန်ခြစ်၊ မြား တံဆိပ်နှင့် ဝလုံးအမှတ်တံဆိပ်ရှိသည့်အနက် ဝလုံးတံ ဆိပ်ပါ ပဲပြားတွင် ဖော်မလင် သုံးစွဲထားကြောင်း တွေ့ရှိရသဖြင့် လက်ကားဖြန့်ဖြူး ရောင်းချသူအား နောက်နောင် ရောင်း ချခြင်းမပြုရန် ခံဝန်ကတိ လက်မှတ်ရေးထိုးပြီး ပဲပြားများကို ဖျက်ဆီးခဲ့ကြကြောင်း သိရ သည်။ ထို့နောက် မူလထုတ်လုပ် ရာကို မေးမြန်းစုံစမ်း၍ ထုတ်လုပ်သည့်နေရာအား ဆက် လက် ဖော်ထုတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရုံးခွဲမှ ညွှန်ကြားရေးမှူးထံသို့ တိုင်းဦးစီးမှူးက ဆက်လက်တင်ပြခဲ့ ကြောင်းသိရသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ၊ ရန်ကုန်ရုံးမှ အဖွဲ့သည် ဖျာပုံဈေး၌ စစ်ဆေးတွေ့ရှိချက်အား သတင်းပေးပို့တင်ပြမှုအရ ဇူလိုင်၂၅ ရက်တွင် မြို့နယ်ကျန်း မာရေး၊ စည် ပင်၊ထွေ/အုပ်၊ ရဲတပ်ဖွဲ့တို့နဲ့ အတူ တောင်ဥက္ကလာပမြို့နယ်ရှိ ပဲပြားပင်ရင်းလုပ်ငန်းတစ်ခုအား ရွေ့လျား ဓာတ်ခွဲယာဉ် ( Mobile Lab Van )ဖြင့် ရှောင်တခင် ဝင် ရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

မင်းဇော်မွန်

Local Trade News