ပြုပြင်ပြောင်းလဲနိုင်ဆုံးနိုင်ငံ ၂၀ တွင် မြန်မာပါဝင်ဟု ကမ္ဘာ့ဘဏ်ပဏာမအစီရင်ခံ ဖော်ပြ

Tue, 10/08/2019 - 08:25 -- admin_ygn

      ကမ္ဘာ့ဘဏ်၏ ပဏာမ အစီရင်ခံစာအရ အပြောင်းလဲဆုံးနိုင်ငံ ၂၀ စာရင်းတွင် မြန်မာ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့် Ease of Doing Business ဆောင်ရွက်ရာတွင် ကဏ္ဍငါးခု ပြောင်းလဲ  တိုးတက်လုပ်ဆောင်လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန (DICA)ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင် လွင်ကပြောသည်။ အောက်တိုဘာ ၁ ရက်က ယင်းဌာန၌ ပြုလုပ်သည့်   မီဒီယာတွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ပြောင်းလဲတိုးတက်လာသော ကဏ္ဍငါးခုအနက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် တိုက်ရိုက်သက်ဆိုင် သည့် လုပ်ငန်းနှစ်ခု ပါဝင်ကြောင်း ဦးသန့်စင် လွင်က ပြောသည်။

      “ပထမတစ်ခုကတော့ စီးပွားရေးလုပ်ငန်း တစ်ခု စတင်ခြင်း(starting a business)ဖြစ်ပါ တယ်၊ ဒါက ကုမ္ပဏီစတင်ထူထောင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းအတွက် ကျွန်တော်တို့ ဒါ ထူးထူးခြားခြားပြောင်းလဲပြီး  ဆောင်ရွက် ပေးနိုင်တဲ့ Electronic Online System နဲ့ဆောင် ရွက်ပေးနိုင်တာဖြစ်တဲ့အတွက်  ဒါကို အသိ အမှတ်ပြု ပြောင်းလဲတာဖြစ်ပါတယ်။ ဒီအသိ အမှတ်ပြုတဲ့ starting a business score ဟာ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးရဲ့ရင်းနှီးမြှုပ်နှံမှု စတင်ရမှု အလွယ်ကူဆုံး ညွှန်းကိန်းသတ်မှတ်တဲ့ ၁၇၁ ရနေတဲ့ အချိန်မှာ ကျွန်တော်တို့က အဆင့် ၁၅၄ ဖြစ်တယ်။ ဒါကြောင့် ဒီကမ္ဘာ့ဘဏ်ရဲ့အကြို ဆန်းစစ်ချက်လည်း ပေါ်လာပြီဖြစ်တဲ့အတွက်  starting a business score က ပိုပြီးတော့ ကျလာ မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။ ဒုတိယအချက်မှာ မြန်မာနိုင်ငံ ကုမ္ပဏီ များဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး ယင်းဥပဒေ ပြဋ္ဌာန်းချက်အရ အနည်းစု ရှယ်ယာပိုင်ဆိုင်မှုနှင့် ဒါရိုက်တာများဆောင်ရွက်မှုအပိုင်းကို အဆိုပါ ဥပဒေ၌  ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် ကမ္ဘာ့ ဘဏ်က   မှတ်တမ်းတင် အသိအမှတ်ပြုထား သည်ဟုဆိုသည်။ “ဒါလည်းထပ်မံကျသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့  ပဏာမ အစီရင်ခံစာ အရ လာမယ့် ရင်းနှီးမြှုပ်နှံမှု အညွှန်းကိန်းဟာ ယခင်နှစ်ကထက် ပိုပြီးတော့  ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။ ထို အစီရင်ခံစာအရ စီးပွားရေး လုပ်ငန်း များ လုပ်ကိုင်ရာတွင် လွယ်ကူအောင်ဆောင်ရွက် နေမှုအဆင့် (Doing Business Ranking) တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ထက် ပိုမိုကောင်း လာမည်ဟု ၎င်းကသုံးသပ်သည်။

      သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှု အဆင့် (Doing Business Ranking) ၁၀ဝ အောက်သို့ ရောက်ရှိလာရန် မျှော်မှန်းထားကြောင်း Ease of Doing Business  Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့  အဖွဲ့ ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။ Ease of Doing Business  Ranking ဆောင်ရွက် ခြင်း ဆိုသည်မှာ စီးပွားရေးလုပ်ငန်းနှင့်သက်ဆိုင် သည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆောင်ရွက် ရန် လုပ်ငန်းအဆင့် အနည်းဆုံး၊ အချိန် အတို ဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံးဖြင့် လွယ်ကူ စွာ လုပ်ကိုင်နိုင်မှုကို ဆိုလိုခြင်းဖြစ်သည်။ စီးပွားရေးလုပ်ငန်းများနှင့် အဓိကသက် ဆိုင်သောလုပ်ငန်း ၁၁ မျိုးဖြစ်သည့် စီးပွားရေး လုပ်ငန်းတစ်ခု   စတင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခွင့် ရယူခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ ပိုင်ဆိုင်မှု   မှတ်ပုံတင်ခြင်း၊ ချေးငွေရရှိ နိုင်မှု၊ အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာ အကွယ်ပေးခြင်း၊ အခွန်ပေးဆောင်မှု၊ ပြည်ပ ကုန်သွယ်မှု၊   စာချုပ်စာတမ်းများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ အြွေကးမဆပ်နိုင် မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှုနှင့် အလုပ် သမားစီမံခန့်ခွဲမှုတို့ကို အခြေခံတိုင်းတာခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ Doing Business 2018 အစီရင်ခံ စာအရ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၉၀ ရှိသည့်အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၁ ၌ ရပ်တည်ခဲ့ပြီး အလားတူ Doing Business ၂၀၁၉ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ် တွင်လည်း မြန်မာနိုင်ငံသည် ယခင်နှစ်နည်းတူ အဆင့် ၁၇၁ ၌သာ ဆက်လက်ရပ်တည်လျက် ရှိသည်။ မြန်မာနိုင်ငံ   ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရ လွယ်ကူမှုအဆင့် (Doing Business Ranking) ကို ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၀ဝ၊ ၂၀၂၅ ခုနှစ်တွင် အဆင့် ၈၀၊ ၂၀၃၀ ပြည့်နှစ်တွင် အဆင့် ၆၀ နှင့် ၂၀၃၅ ခုနှစ်တွင် အဆင့် ၄၀ အတွင်း   ရောက်ရှိရန်    ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း တွင်ဖော်ပြထားသည်။

ပန်းဆု