ပြည်ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ခရမ်းချဉ်သီးများ အများအပြားဝင်ရောက်

Tue, 12/05/2017 - 07:06 -- admin_ygn

     ယခုတစ်ပတ် ပြည်ဟင်းသီးဟင်းရွက် ကုန်စိမ်းဒိုင်များတွင် ခရမ်းချဉ်သီးသေတ္တာများ လှိုင်လှိုင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ကြက်သွန်နီဈေးမြင့်တက်နေချိန်တွင် ပြည်ဈေးကြီးဒိုင်များ၌ ခရမ်းချဉ်သီးဈေးကောင်းရလျ က်ရှိနေပါ တယ်။ ယခုတစ်ပတ်တွင် ပြည်ဒေသတွင်းမှ ခရမ်းချဉ်သီးများ ရော နယ်မှခရမ်းချဉ်သီးများပါဝင်ရောက်လာတာကြောင့် ဈေးနှုန်းကျဆင်းလာတာဖြစ်ပါတယ်။   ယခင်တစ်ပတ်က ခရမ်းချဉ်သီးတစ်ပိဿာလျှင်  ကျပ် ၁၈၀၀- ၂၀၀၀ ထိရှိခဲ့ကာ  ယခုတစ်ပတ်မှာတော့ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၈၀၀ သာရှိကြောင်းသိရှိရပါတယ်။ ဒေသတွင်း လက်လီဈေးကွက်များတွင်တော့  တစ်ပိဿာ ကျပ် ၁၂၀၀ နဲ့ရောင်းချလျက်ရှိပါတယ်။  ဒေသ တွင်းသီးက တော့ ရွှေတောင်၊ ကျီးသဲ၊ ပုတီးကုန်းတို့မှ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရပါတယ်။ ဟင်းသီး ဟင်းရွက်ဒိုင် များတွင် ၁၅ ပိဿာဝင်ခြင်း၊ သေတ္တာအလုံး ၅၀ နီးပါးအရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။

 

နီနီဝင်း

Local Trade News

Pages