ပြည်မြေပဲဆန် ဝင်အားကောင်းသလောက် အရောင်းအဝယ်ဖြစ်ပြီး ဈေးကျလာ

Wed, 09/21/2016 - 06:03 -- admin_ygn

     ယခုတစ်ပတ်ပြည်ဈေးကွက်တွင်  မြေပဲဆန်အိတ်  အများအပြားဝင်ရောက်လာ  သဖြင့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ပြည်၊ အောင်လံကြားကျေးရွာများ နဲ့ ြ မန်အောင်၊ ကြံခင်း၊ဝက်ထီးကန်၊ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ တစ်နေ့လျှင် အိတ် ၂၅၀ဝ မှ ၃၀ဝ၀ အထိ ဝင်ရောက်လာတဲ့အတွက် ဈေးကွက်တွင် ပဲလက်ကျန် များလာ တာတွေ့ရပါတယ်။
      ပဲလက်ကျန်များလာသဖြင့် ဈေးနှုန်းကျလာတာ တွေ့ရပါတယ်။ ယခင်တစ် ပတ်ထက်စာလျှင် ယခုတစ်ပတ်မှာ လုံးဆန် အဝင်ပိုများလာ ခဲ့ကာ လုံးဆန်ကို ရန်ကုန်ဆီ စက် များက အဝယ်ရှိပြီး ဆီဆန်ကိုမကွေးဆီစက်နဲ့ပြည်ဆီ စက်များက အဝယ်ရှိနေပေမယ့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ယခု တစ်ပတ်တွင် မြေပဲဆီဆန်ဈေးမှာ တစ် ပိဿာလျှင် ၁၅၀ဝ ကျပ်နှင့်လုံးဆန်တစ်ပိဿာလျှင် ၂၁၀ဝ ကျပ်ဖြင့် ဈေးကျလာ သလို မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ၄၅၀ဝ ကျပ်ဖြင့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ ဈေးကျလာ တာတွေ့ ရပါတယ်။

 

ဝေဝေမင်း