ပြည်မြေပဲဆန်ဈေးကွက်မှာ မိုးမြေပဲအသစ်များ ဝင်ရောက်မှုနည်းသေးလို့ ဈေးအတက်အကျရှိနေ

Tue, 08/15/2017 - 03:45 -- admin_ygn

        ပြည်ဈေးကွက်တွင် မိုးမြေပဲသစ်များ ထွက်ပေါ်နေပြီ ဖြစ်သော်လည်း တစ်နေ့လျှင် အိတ် ၂၀၀ ခန့်သာ ဝင်ရောက်မှုရှိသဖြင့် အဝင်နည်းသေးတာ တွေ့ရပါတယ်။ ရွှေတောင်၊ ပေါင်းတည်၊ ဇီးကုန်းနဲ့ ပေါက်ခေါင်းဘက်မှ ဝင်ေ ရာက်မှုရှိပေမယ့်  အနည်း ငယ်သာ ဝင်ရောက်နေလို့ ဈေးမငြိမ်ဘဲ အတက်အကျရှိနေပါတယ်။ ဝယ်လိုအားရှိရင်ရှိသလို ဈေးမြင့်ပြီး ဝယ်လိုအားနည်းရင် နည်းသလို ဈေးကျလာတာတွေ့ရပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးမှာ  ဆီဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၁၀၀ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ်၁၀၀ ဈေးပိုလာပြီး ဆီဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ နဲ့ ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေပါတယ်။ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၄၅၀ ဖြင့် ယခင်တစ်ပတ်ကထက် ကျပ် ၁၀၀ ဈေးပိုလာပြီး လုံးဆန်(အနီ)တစ်ပိဿာလျှင် ကျပ် ၂၃၀၀ ဖြင့် ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။

 

ဝေေ၀မင်း

Local Trade News