ပြည်ပဲလွန်းဖြူ အဝယ်လိုက်သော် လည်း ဈေးငြိမ်နေ

Wed, 06/08/2016 - 08:27 -- admin_ygn

ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလ တွင်သာ ပဲလွန်းဖြူ သီးနှံအနေဖြင့် လက်လီ/လက်ကား အဝယ်လိုက် ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမားလောက်သာ အရောင်း အဝယ်ဖြစ် ခဲ့သလို ပဲလက်ကျန် ကလည်း အန ည်းငယ်သာရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ် ရှိခဲ့ပေမယ့် အိတ် အနည်း ငယ် သာ ရောင်းချခဲ့ကြ ပါတယ်။ မေလအတွင်း ကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့ အတွက် ဈေးငြိမ်နေခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်က နှစ်ကုန်ခါနီး အချိန်တွင် ပဲဈေးအားလုံး လိုလိုမြင့်တက်ခဲ့ကြတဲ့ အတွက် ပြည်ပ ဝယ်လက် ပဲရော၊ ပြည်တွင်း ဝယ်လက်များပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးကောင်း ရရှိ ခဲ့ကြပါတယ်။  ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်မှုများလို့ ပဲဈေးမှာဈေးလျော့သွားပြီး ကျပ်နှစ်သောင်းကျော်သာ ယခုအချိန်ထိရရှိနေခဲ့တယ်လို့ သိရပါတယ်။
 

 

ခင်ဆွေဝင်း

Local Trade News

Pages