ပြည်ပဲလွန်းဖြူ သီးနှံလက်ကျန်နည်းတဲ့ အတွက် အရောင်းအဝယ်အေး

Thu, 06/01/2017 - 05:14 -- admin_ygn

          ပြည်ပဲမျိုးစုံဈေးကွက်အတွင်း မေတတိယပတ်မှာ အချို့ပဲများအဝင် မရှိသလို လက်ကျန်လည်း သိပ်မရှိခဲ့တာကြောင့် အရောင်းအဝယ်အေးနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပဲလွန်းဖြူသီးနှံ အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘဲ အိတ်အနည်းငယ်သာ ရောင်းဝယ်မှုရှိပြီး လက်လီသမားအချို့ဝယ်ယူကြတာ ကြောင့် တစ်တင်းကျပ် ၂၈၅၀၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပိုရလာခဲ့ပါတယ်။ လက်လီ ပဲဈေးကွက်မှာ ပဲနီပြား၊ ဘိုကိတ်ပဲများနှင့်နှိုင်းယှဉ် ပါက  ပဲလွန်းဖြူသီးနှံဟာဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။   ယခင်နှစ်က မေလအတွင်း ပဲလွန်းဖြူ တစ်တင်းကျပ်  ၂၁၀၀၀ သာရရှိခဲ့လို့ ယခင်နှစ်ထက် လည်း ဈေးကောင်းရနေခဲ့ကြောင်း သိရပါတယ်။

 

ခင်ဆွေဝင်း