ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်ခဲ့သော ရက်သတ္တပတ်

Thu, 05/09/2019 - 06:47 -- admin_ygn

         ပြည်တွင်းငွေလဲဈေးကွက်သည်  ယခုရက်သတ္တပတ်အတွင်း ဈေးနှုန်းတည်ငြိမ် နေခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို ယခင်ရက် သတ္တပတ်က အမေရိကန် တစ်ဒေါ်လာလျှင်၁၅၂၁ကျပ် သတ်မှတ်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် ၁၅၂၃ကျပ် သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ယခုရက်သတ္တပတ်တွင် အမေရိကန်ဒေါ် လာ ကို  ဝယ်လိုအားနည်းနေသလို ရောင်းလိုအားလည်း နည်းနေကြောင်း၊ ထို့ကြောင့် အရောင်းအဝယ်နည်းခဲ့ပြီး ဈေးငြိမ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်ခြောက်လ တာကာလအတွင်း ရင်းနှီးမြှုပ်နံှမှုမှာ ကန်ဒေါ်လာနှစ် ဘီလျံကျော်အထိရောက်ရှိလာ ခြင်း၊ ယခုရက်သတ္တပတ်အတွင်း စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ပြုလုပ်ကာ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆွဲဆောင်နိုင်ရန် ပြင်ဆင်လာခြင်း တို့မှာ အမေရိကန်ဒေါ် လာဈေးနှုန်းအပေါ်သက်ရောက်မှုရှိခဲ့ကြောင်း  ပြည်တွင်း ငွေကြေးအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
            ပြည်တွင်းငွေလဲနှုန်းဈေးကွက်တွင် ဧပြီ၂၉ရက်ကအမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၅၁၇ကျပ်၊ဝယ်ဈေး ၁၅၁၃ ကျပ်မှ မေ ၁ရက်တွင် အမေရိကန်တစ် ဒေါ်လာရောင်းဈေး ၁၅၁၈ကျပ်၊ ဝယ်ဈေး ၁၅၁၄ ကျပ်သို့ေ ရာက်ရှိခဲ့သော်လည်း ရက်သတ္တပတ်ကုန်ဆုံးချိန်အထိ အမေရိကန်တစ်ဒေါ်လာရောင်းဈေး ၁၅၁၇ ကျပ်၊ ဝယ်ဈေး၁၅၁၃ကျပ်သာရှိခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်