ပြည်တွင်းငွေလဲဈေးနှုန်းများ ငြိမ်သက်လျက်ရှိ

Tue, 10/03/2017 - 07:13 -- admin_ygn

       ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ငြိမ်သက်လျက်ရှိနေ ကြောင်း သိရသည်။ ပြည်တွင်းငွေလဲနှုန်းများ ငြိမ်သက်စေရန်အတွက် အစိုးရက ထိန်းညှိလုပ်ဆောင်လျက်ရှိသဖြင့် ယခုကဲ့သို့ ငြိမ်သက်နေရခြင်းြ ဖစ်သည်ဟု ဆိုသည်။ ထို့ပြင် ပဲအရောင်းအဝယ်များ ရပ်ဆိုင်းသွားခြင်း၊ စီးပွားရေးကျဆင်းနေ သဖြင့် ငွေကြေးအရောင်းအဝယ်များ ရပ်ဆိုင်းနေခြင်း၊ Re-export သကြားများ တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ခြင်းနှင့် သွင်းကုန်များတင် သွင်းမှု နည်းပါးသွားခြင်းတို့ ကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပါးသွားသဖြင့် ယခုကဲ့သို့ ငွေလဲ နှုန်းများ ငြိမ်သက်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
       " ငွေလဲနှုန်းက ငြိမ်နေတာ တော်တော်ကြာနေပြီ။ အတက်အကျဖြစ်လည်း နည်းနည်းပဲ။ ဗဟိုဘဏ်က ငွေအတက်အကျကို ထိန်းထားပြီး တစ်ဒေါ်လာကို ကျပ် ၁၃၆၀ နဲ့ပဲ ထိန်းထားတဲ့အတွက် အဝယ်နည်းနည်းများတဲ့နေ့မှာ နည်းနည်း တက်မယ်။ အဝယ်မရှိဘူးဆိုရင် နည်းနည်းပြန်ကျမယ်။ အဲဒီသဘောလောက်ပဲ ရှိတယ်။ သွင်းကုန်ရော ပို့ကုန်မှာပါကျဆင်းနေတဲ့အတွက် အခုလို ဈေးကွက်ငြိမ်နေတာပါ"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်ေ နသူတစ်ဦးက ပြောကြားခဲ့ သည်။ ပြည်တွင်းငွေလဲစင်တာများတွင် စက်တင်ဘာ ၂၅ ရက်ကရောင်းဈေး  ၁၃၅၂ ကျပ်၊ ဝယ်ဈေးကျပ် ၁၃၅၀ရှိခဲ့ပြီး စက်တင်ဘာ ၂၉ ရက်တွင် ရောင်းဈေး ၁၃၅၁ ကျပ်၊ ဝယ်ဈေး ၁၃၄၉ ကျပ်ရှိခဲ့သ ည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် ၎င်းင်း၏ရည်ညွှန်းငွေလဲနှုန်းကို ယခုတစ်ပတ်လုံးတွင် ကျပ် ၁၃၆၀ ဟု သတ်မှတ်ထားခဲ့သည်။

 

မယ်သီတာ