ပြည်ကြက်သွန်နီဈေးကွက်တွင် အရောင်းအဝယ်သိသိသာသာအေး

Tue, 08/15/2017 - 04:07 -- admin_ygn

        ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိနေသဖြင့် အရောင်းအဝယ်များ သိသိသာသာအေးနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အေးနေတာကြောင့် ပြည်ပွဲရုံများတွင် ယခုတစ်ပတ် လက်ကားဈေးတစ်ပိဿာလျှင် ပျမ်းမျှကျပ် ၁၀၀ ခန့် ဈေးကျသွားခဲ့ပါတယ်။ လက်ကားဈေး အနည်းငယ်ကျပေမယ့် လက်လီဝယ်ရောင်းသမားများမှ ယခင်ဈေးအမြင့်နှင့် ဝယ်ယူထားသည့် ပစ္စည်းလက်ကျန်များရှိနေသည့်အတွက် လက်လီဈေးမှာ ကျဆင်းမှုမရှိဘဲ ယခင်တစ်ပတ်ကအတိုင်း ဈေးအမြင့်ဖြင့် လက်လီဈေးများတွင် ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ ဝင်ရောက်မှုအနေဖြင့်လည်း အရောင်းအဝယ်မကောင်းသည့်အတွက် ပုံမှန်ထက်အဝင်နည်းေ နတာ တွေ့ရပါတယ်။ အရောင်းအဝယ် သိသာစွာ အေးနေသည့်အတွက် ဈေးနှုန်းများကျဆင်းလာနိုင်ဖွယ်ရှိကြောင်း ပြည်ပွဲရုံ လုပ်ငန်းရှင်များရဲ့သုံးသပ်ချက်အရသိရပါတယ်။ ဈေးကွက်အတွင်း ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် ဟိုတယ်စ  ကျပ် ၁၇၀၀၊ ထူးတစ်လုံး ကျပ် ၁၆၀၀-၁၆၅၀၊ရှယ်ကျပ် ၁၅၀၀-၁၅၅၀၊ RC ကျပ် ၁၃၀၀-၁၄၅၀ရှိပြီးလက်လီ ဈေးအသေးများတွင် ယခင်တစ်ပတ်ကအတိုင်း မပြောင်းလဲဘဲ ကြီး/လတ် ကျပ် ၁၈၀၀-၂၀၀၀၊ အသေးစကျ ပ် ၁၆၀၀-၁၇၀၀ နှင့် အသီးသီးရောင်းဝယ်လျက်ရှိနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်အတွင်း တရုတ်ကြက်သွန်နီ နှင့် အိန္ဒိယကြက်သွန်နီများလည်းတွေ့ရပြီး  အရည်အသွေးသိပ်မကောင်း သဖြင့် ဝယ်လိုအားပေါ် မူတည်၍ သာမှာယူရောင်းချပြီး တစ်ပိဿာလျှင် လက်ကားလက်လီကျပ် ၉၀၀-၁၁၀၀-၁၂၀၀ တို့ဖြင့် ရောင်းဝယ်မှုရှိကြောင်း သိရပါတယ်။ ကြက်သွန်နီ သီးနှံအနေဖြင့် ယခုနှစ်သည် ဈေးကောင်းရတဲ့နှစ် ဖြစ်ကြောင်းကို ဖော်ပြပါဇယား အ တိုင်း လေ့လာတွေ့ရှိရပါတယ်။

 

ဝင်းလဲ့ဝါ (ပြည်)

Local Trade News

Pages