ပြည်ကုလားပဲ ယခင်နှစ်ကကဲ့သို့ ယခုနှစ်လည်း ဈေးကောင်းရ

Tue, 08/29/2017 - 06:39 -- admin_ygn

        ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းဝယ်ယူမှု အဓိကအရောင်းအဝယ်ဖြစ်တဲ့ ပဲများအနက် ကုလားပဲသီးနှံဈေးဟာလည်း ဈေးကောင်းရနေတဲ့ သီးနှံ ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲခွဲစက်သမား များ ပုံမှန်ဝယ်ယူလျက် ရှိကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့်တစ်ရက်အိတ် ၁၅၀ကျော်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲအဝင်မရှိသော်လည်း လက်ကျန်ပဲများ ရှိတဲ့အတွက် ဝယ်လိုအားရှိသလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲေ ဈးနှုန်းမှာ တစ်တင်း ကျပ် ၄၁၅၀၀ ဖြင့် ဇူလိုင်လကုန်ပတ်မှစ၍ ပဲဈေးများ တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ယခင်နှစ် သြဂုတ်လအတွင်းက တစ်တင်းကျပ် လေးသောင်းကျော်ရရှိခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages