ပုသိမ်ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိ

Thu, 09/26/2019 - 06:48 -- admin_ygn

      ပုသိမ်မြို့နယ်ဆန်၊ စပါးဈေးကွက်တွင် ယခင်လထက် ယခုစက်တင်ဘာလတွင်   ဈေးနှုန်းဆက်လက်ကျဆင်းကာ အရောင်းအဝယ်အေးလျက်ရှိသည်။ ယခင်ဧရာဝတီပေါ်ဆန်း ၅၂ ပေါင်ခွဲ တင်း ၁၀၀ ကို ၁၁ သိန်း ၁၂ သိန်းကျပ်ဝန်းကျင်မှ ယခုဈေး  ကျပ် ၁၀ သိန်း ၁၁ သိန်းကျပ်ခန့်  ဆန်တစ်အိတ်ကို ကျပ် ၄၁၀၀၀-၄၁၅၀၀ ဈေးမှ ယခုဈေးကျပ်၄၀၀၀၀၀န်းကျင်၊ ပေါ်ဆန်းရင်စပါး ၅၂ ပေါင်ခွဲတင်း ၁၀၀ ကို ၁၀ သိန်း၊ ၁၀ သိန်းခွဲဝန်းကျင်မှ  ယခုဈေးကျပ်  ကိုးသိန်း၊    ကိုးသိန်းခွဲ ဝန်းကျင်၊ ဆန်တစ်အိတ်ကို ကျပ် ၃၈၀၀၀-၃၉၀၀၀ ဈေးမှ ယခု ဈေး ကျပ် ၃၆၀၀၀-၃၇၀၀၀ ဈေးဖြစ်သွား၍ ဒေသတွင်း နှင့်ရန်ကုန်အထက် အညာဒေသမှ ဝယ်လိုအား လျော့နည်း လျက်ရှိပြီး ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်အေးလျက် ရှိကြောင်း ဆန်စပါးဈေးကွက်မှသိရသည်။
      ပေါ်ဆန်းစပါး၊ ဆန်ဈေးနှုန်းကျဆင်းမှုနှင့်အတူ မိုးဧည့် မထအုပ်စုဝင်မနောသုခ၊    မျိုးပွားစပါးဈေးနှုန်းမှာလည်း ကျဆင်းလျက်ရှိပြီး  ယခင်မိုးစပါး ပေါင် ၅၀ တင်း ၁၀၀ ကို ကျပ် ၆၅၀၀၀၀ ဝန်းကျင်ဈေးမှ  ယခုဈေးကျပ် ၅၀၀၀၀၀ ဝန်းကျင်ဈေးသာရှိသည်။ ယခုလက်ရှိဈေးကွက်တွင် ကုန် သည်၊ စက်ပိုင်အများစုမှာလှောင်စပါးများရှိနေသည့်အတွက် ၎င်းင်းစပါးများကိုသာ  အဓိက ကြိတ်ခွဲရောင်းချလျက်ရှိပြီး လက်ကြီးတောင်သူစပါးများကို ဝယ်ယူမှုမရှိဘဲ အရောင်း အဝယ်အေးသည့်အပေါ်  စပါးဈေးနှုန်း များကျဆင်းလျက် ရှိသည်။ ယခုလက်ရှိအချိန်မြို့နယ်အချို့တွင် ရက် ၉၀ စပါးများ  အနည်းငယ်  စတင်ထွက်နေပြီဖြစ်၍    စပါးသစ်ပေါ်ချိန် ဈေးကွက်မှာ ခန့်မှန်း၍မရကြောင်း မြို့ပေါ်ရှိ ကုန်သည် ဆန် စက်ပိုင်ရှင်အသိုင်းအဝိုင်းမှ သိရသည်။

 

မင်းမင်းဦး(ပုသိမ်)