ပို့ကုန်အားနည်း ကျဆင်းမှုကြောင့် တစ်လအတွင်း စားအုန်းဆီဈေးနှုန်း တစ်ဟုန်ထိုး ကျဆင်း

Wed, 10/05/2016 - 07:33 -- admin_ygn

       မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၈ ရက်က ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအား  မြင့်တက်မှုကြောင့် ဈေးကွက်တိုးတက်မည့်အလားအလာ များကို ေ တွ့ခဲ့ရသော် လည်း ပို့ကုန်အားနည်းကျဆင်းမှုနှင့် ပြိုင်ဖက်သီးနှံများဖြစ် သော ပဲပုပ်ဆီဈေးများ  ကျဆင်းမှုကြောင့်ဈေးကွက်  အလား အလာအပေါ် ဂယက်ရိုက်ခတ်မှုကြောင့် ယခုကဲ့သို့ ကျဆင်း ခဲ့ရခြင်းဖြစ်သည်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင် (-Bursa Malaysia Derivative Exchange)တွင် ဒီဇင်ဘာအတွက် ကြိုရောင်း ဈေးက တစ်ရက်အတွင်း အနိမ့်ဆုံးဈေးအဖြစ်  တစ်တန်ကို ၂၅၉၆ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၈  ရက် ဈေးပိတ်ချိန်မှာ တစ်တန်ကို  ၂၆၀၅ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၃၀) နှုန်းအထိ ရောက်ရှိကာ ၂ဒသမ ၂ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
        စားအုန်းဆီဈေးသည် စက်တင်ဘာ၂၈ ရက်တွင် ရက် သတ္တခြောက်ပတ်အတွင်း နေ့စဉ်ကျဆင်းမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။ စားအုန်းဆီ ရောင်းချမှုပမာဏသည်  စက်တင်ဘာ ၂၈ ရက်တွင် ၂၅ တန်ရှိ အတွဲ ၇၂၉၀၃ တွဲရှိခဲ့ရာ ၂၀၁၅ ခုနှစ်က နေ့စဉ်ပျမ်းမျှရောင်းချခဲ့ရသော အတွဲ ၄၄၆၀၀ ထက် ပိုမိုခဲ့ သည်ကို တွေ့ရသည်။ ကမ္ဘာ့ဟင်းရွက်ဆီ ဈေးကွက်တွင် စားအုန်းဆီနှင့် ဈေးကွက် ယှဉ်ပြိုင်နေသော ပဲပုပ်ဆီဈေးကလည်း စားအုန်းဆီ ဈေး အတက်အကျအပေါ် သြဇာသက်ရောက်မှုရှိသည်။အမေ ရိကန်ပြည်ထောင်စု ချီကာဂိုကုန်သွယ်မှု ဘုတ်အဖွဲ့တွင် ဒီဇင်ဘာအတွက် ပဲပုပ်ဆီဈေးက ၁ ဒသမ ၅ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင်  ဇန်နဝါရီ အတွက် ကြိုရောင်းဈေးက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။
       စားအုန်းဆီကြမ်းနှင့်သန့်စင်ပြီး ဟင်းရွက်ဆီ တင်သွင်းခွန်တို့ကို ငါးရာခိုင်နှုန်းလျှော့ချပြီး ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အသီးသီးသတ်မှတ်ကြောင်း အိန္ဒိယ နိုင်ငံက စက် တင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။ ဤကြေညာချက် ကြောင့် စားအုန်းဆီ ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း ဝယ်ယူရေး တာဝန်ခံများက ပြောသည်။သို့သော်လည်း စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှုကို သြဂုတ်လ အလားတူကာလနှ င့် နှိုင်း ယှဉ်ပါက ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကုန်စည်စစ်တမ်း များအရ သိရသည်။  ပို့ကုန်အတွက် စိုးရိမ်မှုများ တည်ရှိ နေသေးကြောင်းနှင့် ဝယ်လိုအားထပ်မံတိုးတက်လာမည်ကို ဈေးကွက်က စောင့်မျှော်နေကြောင်း ကွာ လာလမ်ပူမှ ရောင်းဝယ်ရေး တာဝန်ခံတစ်ဦးက ပြောသည်။ အိန္ဒိယနိုင်ငံ၏ အခွန်ကောက်ခံမှု ပြင်ဆင်ချက်ကြောင့် ဝယ်လိုအား မြင့်တက်လာနိုင်သော်လည်း လောလောဆယ် အကျိုးသက်ရောက်မှုမရှိသေးကြောင်းနှင့် ပဲပုပ်ဆီေ ဈး ကျဆင်းမှုနှင့် ပို့ကုန်ကျဆင်းမှုတို့က ဈေးနှုန်းများကို ဆွဲချ လျက်ရှိကြောင်း အခြားရောင်းဝယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် အပူချိန်ကျဆင်းမှုကြောင့် စားအုန်းဆီကို ခဲစေနိုင်သဖြင့် စားအုန်းဆီ ကို ဝယ်ယူသူ ကျဆင်းသည့်အတွက် ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ စားသုံးသည့် နိုင်ငံများ ဖြစ်သော တရုတ်နှင့် အိန္ဒိယတို့မှ ဝယ်လိုအား ကျဆင်းမည့် အလားအလာရှိသည်။ သို့ဖြစ်ရာ စားအုန်းဆီဝယ်လိုအားသည် ယခုနှစ်ကုန်အ ထိ ဆက်လက် ကျဆင်းနေဦးမည်ဖြစ်သည်။

 

ဉာဏ်တင်

Local Trade News

Pages