ပို့ကုန်သွင်းကုန်လိုင်စင်များအား ဈေးနှုန်းစိစစ်ခြင်းမပြုဘဲ ကုမ္ပဏီများမှ တင်ပြသည့်ဈေးနှုန်းအတိုင်း ခွင့်ပြုသွားမည်

Tue, 12/06/2016 - 08:47 -- admin_ygn

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင် များအား ဈေးနှု န်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများ က တင်ပြလာသည့်  Invoice နှင့် Sale Contract  ပါ ဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန် လိုင်စင်များကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့်အမိန့်ကြော်ငြာ စာအမှတ်(၇၄/၂၀၁၆)တွင် ဖော်ပြထားသည်။
           ပို့ကုန်သွင်းကုန်လိုင်စင်  လျှောက်ထားသူများ အနေဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်အွန်လိုင်းလျှောက်လွှာ (ကျပ် ၆၀ဝ တန် တံဆိပ်ခေါင်းကပ်ပြီး)၊  Invoice မူရင်း၊Sale Contract မူရင်း၊ Invoice နှင့် Sale Contract များသည် အစစ်အမှန်များဖြစ်ကြောင်းနှင့် ဖော်ပြချက် များ၊ ဈေးနှုန်းနှင့် တန်ဖိုးများ မှန်ကန်ကြောင်း ကတိ ဝန်ခံချက်နှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက် (ဌာနဆိုင်ရာများ၏ ထောက်ခံချက်လိုအပ်သည့် ပို့ကုန်သွင်းကုန် ပစ္စ ည်းများအတွက်)များကို တင်ပြရ မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုမ္ပဏီများမှ လျှောက်ထားလာ သည့် Invoice ပါတန်ဖိုးအတိုင်း တင်သွင်းခွင့်ပြုထား သည့် လိုင်စင်/ပါမစ်များ၏  ပို့ကုန်သွင်းကုန်များ၏ တင်ပို့/တင်သွင်းြ ခင်း အပေါ် အခွန်ကောက်ခံခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍စိစစ်ခြင်း၊ တန်ဖိုး သတ်မှတ်ခြင်း၊ ကောက်ခံခြင်းတို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ လုပ်ထုံးလုပ် နည်း၊ စည်းမျဉ်းစည်း ကမ်းများနှင့်ညွှန်ကြားချက်များအတိုင်း စိစစ်လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
              ကုမ္ပဏီများအနေဖြင့် Invoice နှင့် Sale Contract တို့အား အတုအပပြုလုပ်ခြင်း၊ Invoice  နှင့် Sale Contract တို့တွင် ပါရှိသည့်အချက်အလက်များ အား မမှန်မကန်ဖော်ပြခြင်း၊ တရားမဝင်ဆောင်ရွက် ခြင်း၊ Invoice နှင့် Sale Contract ပါဈေးနှုန်းနှင့်တန်ဖိုးများအား အခွန်ရှောင်တိမ်းရန် ရည်ရွယ်၍ မမှန်မကန် ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိရပါက သက်ဆိုင်ရာဌာနအလိုက် ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်း ဥပေ ဒ၊အမိန့်၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ထည့်သွင်းဖော်ပြထားသည်။ ပို့ကုန်သွင်းကုန်လိုင်စင်များအား Invoice နှင့်Sale Contract ပါ ဈေးနှုန်း များ အတိုင်း ဝန်ခံကတိဖြင့် ခွင့်ပြုထုတ်ပေးပြီးနောက် ခွင့်ပြုလိုင်စင်များ၏ ဈေး နှုန်းများအပေါ် သက်ဆိုင်သည့်ဌာနများက နိုင်ငံတကာ တွင်သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ နောက်ကြောင်းပြန်စစ်ဆေးမှုများကို  လိုအပ်သလို စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

မယ်သီတာ

Local Trade News

Pages