ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီအသစ် စတင်အရောင်းအဝယ်ဖြစ်လျက်ရှိ

Thu, 01/16/2020 - 07:56 -- admin_ygn

     ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင်အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  ပဲစင်းငုံနီအသစ်  စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ထွက် ပဲစင်းငုံနီအသစ်ဈေးမှာ  တစ်တင်းလျှင် ကျပ် ၂၃၄၀ဝ ဖြင့် အိတ် ၁၀ဝ၊ ယခုတစ်ပတ်၏ ကုလားပဲဈေးနှုန်းမှာ ကုလား ပဲဝါ (HL) တစ်တင်းလျှင် ကျပ် ၂၇၅၀ဝ ဖြင့် အိတ် ၅၀ ၊ကုလား ပဲဝါလုံးကြီး (၉၂၉) တစ်တင်းလျှင်  ကျပ် ၂၈၅၀ဝ ဖြင့် အိတ် ၅၀၊ ကုလားပဲဖြူ (V2) တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀ဖြင့် အိတ် ၁၀ဝ၊ ပဲတီစိမ်းသေး တစ်တင်းလျှင် ကျပ် ၃၅၅၀ဝ ဖြင့် အိတ် ၁၀ဝ၊  နှမ်းဖြူတစ်တင်းလျှင် ကျပ် ၄၃၀ဝ၀ ဖြင့် အိတ် ၁၀ဝ၊  နှမ်းနက်စမုံ (ရှယ်) တစ်တင်းလျှင်  ကျပ် ၇၆၀ဝ၀ ဖြင့် အိတ် ၁၀ဝ၊နှမ်းနက်စမုံ(ရိုးရိုး)တစ်တင်းလျှင်   ကျပ် ၅၀ဝ၀ဝ မှ ၇၅၀ဝ၀ ဖြင့် အိတ် ၃၀ဝ၊ ဥပုသ်နေ့မှလွဲ၍ ပုံမှန်အရောင်း အဝယ်ဖြစ်နေသည်။ ယခုတစ်ပတ် ရေစကြိုကုန်စည်ဒိုင်တွင်  မြေပဲဖြူလုံး ဆန် တစ်တင်းလျှင် ကျပ် ၃၀ဝ၀၊  ပဲပုပ် တစ်တင်း လျှင်  ကျပ် ၁၉၀ဝ၀၊ မတ်ပဲတစ်တင်းလျှင်  ကျပ် ၃၃၀ဝ၀ မှ ၃၆၀ဝ၀ ၊ စွန်တာနီတစ်တင်းလျှင် ကျပ် ၁၇၀ဝ၀၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် ၁၇၅၀ဝ ပေါက်ဈေးဖြင့် အရောင်းအဝယ်လျက်ရှိသည်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)