နယ်စပ်ဒေသများမှ Mini Busတင်သွင်းခွင့် လျှောက်ထားခြင်းများအတွက် သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုရှိမှသာ သွင်းကုန်လိုင်စင်/ပါမစ်ခွင့်ပြုမည်

Thu, 11/07/2019 - 09:23 -- admin_ygn

       မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီအစည်းအဝေးမှ တရုတ် နိုင်ငံထုတ် MINI BUS(11 Seater)(12 Seater) တင်သွင်းခွင့်လျှောက်ထားလာခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာစက်ရုံများမှ အထောက် အထားများ၊ Vin Code၊ Chassis Code၊ Catalogue များဖြင့် တင်ပြလျှောက်ထားရန်ဖြစ်ပြီး  အဆိုပါအချက် များကို အခြေခံ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ MINI BUSသတ်မှတ်ချက်ကိုက်ညီမှု ရှိ/မရှိ သဘော ထား မှတ်ချက်တောင်းခံပြီး ကိုက်ညီမှသာ သွင်းကုန်လိုင်စင်ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့သည်။

      အဆိုပါဆုံးဖြတ်ချက်အရ ပြည်ပမှ Mini Bus  ၁၀ ယောက်စီးမှ ၁၂ ယောက်စီးအထိ တင်သွင်းခွင့် လျှောက်ထားရာ တွင် တစ်ဖက်နိုင်ငံ၏ Invoice  မူရင်း၊ တစ်ဖက်နိုင်ငံစက်ရုံ၏ မော်တော်ယာဉ် Catalogue  မူရင်း၊ မော်တော်ယာဉ်၏ အရွယ်အစား၊ အင်ဂျင်ပါဝါ၊ User Manua  နှင့် Chassis Code/Vin Code ကို တစ်ပါတည်း ဖော်ပြရန်၊ ၎င်းအချက်များ ပြည့်စုံပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ Mini Bus  သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိသဘောထား မှတ်ချက်တောင်းခံ၍ သတ် မှတ်ချက်နှင့် ကိုက်ညီမှုရှိမှသာ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုမည်ဖြစ်ကြောင်း ၅-၉-၂၀၁၉ ရက်တွင် အသိပေးကြေညာပြီးဖြစ်ကြောင်း သိရှိရသည်။

 

 

 မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ