တောင်ကြီးမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပဲပုပ်ကဏ္ဍ၌ ပါဝင်ပတ်သက်သူများ၏ အလုပ်ရုံဆွေးနွေးပွဲ ၂၀၁၇ ကျင်းပ

Tue, 12/05/2017 - 07:49 -- admin_ygn

       တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာပဲပုပ်ကဏ္ဍတွင် ပါဝင်ပတ် သက်သူများ၏ အလုပ်ရုံဆွေးနွေးပွဲကို  နိုဝင်ဘာလ ၂၁ ရက်က ကမ္ဘောဇကုန် သွယ်မှုဗဟိုဌာန၊ အစည်းအဝေးခန်းမ တွင်ကျင်းပခဲ့ပါသည်။ အလုပ်ရုံေ ဆွး နွေးပွဲကို မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ကမ္ဘောဇ ကုန်သွယ်မှု ဗဟိုဌာန USAIDနဲ့ WIN Rock တို့က ဦးဆောင် ကျင်းပခဲ့တယ်လို့သိရပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စားသုံးသူရေး ရာ ဦးစီးဌာနတို့အပြင် မိတ်ဖက်ဌာန အဖွဲ့အစည်းများဖြစ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးဘဏ်၊ အသေးစား စက်မှုလက်မှု၊ သမဝါယမဦးစီးဌာန၊ ဘဏ်လုပ်ငန်းရှင်များ၊ တန်ဖိုးမြှင့် ထုတ် လုပ်နေသော လုပ်ငန်းရှင်များ၊ သီးနှံ အခြောက်ခံစက်ကုမ္ပဏီများ၊ USAIDနဲ့ WIN Rock မှ တာဝန်ရှိသူများ၊ ရပ်စောက်၊ ဟိုပုံး၊ နမ့်စန်၊ မိုင်းပွန်၊ တောင်ကြီး၊ လဲချား၊ ကျောက်တစ်လုံး၊ မိုးနဲ၊ ဆီဆိုင်၊ ကျောက်မဲ၊ လားရှိုး၊ ကချင် ပြည်နယ်နှင့် ပဲခူးတိုင်းဘက်မှ ပဲပုပ်စိုက် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင် များ စုစုပေါင်းအင်အား ၁၃၀ ခန့် တက် ရောက်ခဲ့ကြပါတယ်။
         အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရ ခြင်း ရည်ရွယ်ချက်မှာ ပဲပုပ်ကုန်စည် တန်ဖိုးမြှင့်ကွင်းဆက်တွင် ဈေးကွက်အချိတ်အဆက်များ ဖန်တီးရန်နှင့် ခိုင်မာတောင့်တင်းလာစေရန်၊ ပဲပုပ် ကုန်ချောထုတ်လုပ်မှုတွင် လိုအပ်ချက်များ အကြောင်း သတင်းအချက်အလက် များ ဖလှယ်ခြင်းနှင့် အားလုံးအကျုံးဝင် သော စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှုရရှိအောင် ပံ့ပိုးပေးရန်တို့အတွက် ဖြစ်တယ်လို့သိရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြသန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးလုပ် ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ပိုင်အိုးနီးယား အဂရိုဗစ်ကုမ္ပဏီလီမီတက် မန်နေးဂျင်းဒါရိုက်တာ  ဒေါက်တာ မျိုးအောင်ေ ကျာ်က သီးနှံစမ်းသပ် စက်များနှင့် မြေသြဇာများအကြောင်းကိုလည်းကောင်း၊ WIN Rock မန်နေဂျာက ပဲပုပ်စိုက်တောင်သူများအား ငွေကြေး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ မစ္စတာ Rick Chase က အမေရိကန်နိုင်ငံမှ ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု အကြောင်း ကိုလည်းကောင်း၊ ဦးသက်ထွန်းအောင်က မြန်မာနိုင်ငံ ပဲပုပ်ကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း အကြောင်းကိုလည်း ကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးစုက ချေးငွေကိစ္စ များကိုလည်းကောင်း၊   ဒေါက်တာ ခင်မောင်ဝင်းက မွေးမြူရေးလုပ်ငန်းများ အကြောင်းကိုလည်းကောင်း၊ သမဝါယမ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ယုယု အေးက သမဝါယမအသင်း အဖွဲ့များ အား  ချေးငွေချေးပေးမှု အကြောင်း ကိုလည်းကောင်း၊ Farm Tech ကုမ္ပဏီမှ ဦးစိုင်းခန့်အောင်က လယ်ယာနည်း ပညာများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲပုပ်ကုန်သည် လုပ်ငန်းရှင် ဦးဇော်အောင် နှင့် ဦးကြည်နိုင် တို့က ပဲပုပ်ဈေးကွက် ဈေးနှုန်းများကိုလည်းကောင်း၊ ပဲပုပ် Value Added လုပ်ငန်းရှင်ဖြစ်ကြသော ဒေါ်လင်းအောင် (ပဲပြားစက်ရုံ) ရန်ကုန် နှင့် ဒေါ်သန္တာလင်း (ပတ္တမြား-ပဲပုပ်ဆီ စက်)တို့က ပဲပုပ်၏ အာဟာရကြွယ်ဝမှု နှင့် ပဲပိစ ပ်ဆီ၏ ကျန်းမာရေးအထောက် အကူပြုမှုတို့ကိုလည်းကောင်း၊ ထို့အပြင် ပဲပုပ်စိုက်တောင်သူများ အချင်းချင်း စားပွဲဝိုင်း ဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

စောမောင်(တောင်ကြီး)