ဈေးကွက်အေးပြီး ကားအရောင်းအဝယ် ငြိမ်သက်သွားသည် ရန်ကုန်ကားဈေးကွက်

Thu, 01/16/2020 - 08:08 -- admin_ygn

       ယခုနှစ်ဆန်းပိုင်း  ဇန်နဝါရီလပထမပတ်တွင်  ရာထူးအဆင့်သတ်မှတ်ချက်အလိုက် နိုင်ငံ့ဝန်ထမ်းနှင့် ပြည့်သူ့ဝန်ထမ်းများအား  ကားတင်သွင်းခွင့်ပြုမည့်ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း  ကား အရောင်း စင်တာများနှင့် ကားပွဲစားတန်းများနေရာအသီးသီးတွင် လာရောက်မေးမြန်းသူ၊ စုံစမ်းသူဝယ်ယူ သူများ မရှိသလောက်ရှားသွားပြီး ဈေး ကွက် အေးစက်သွားကြောင်း သိရှိရသည်။ ဇန်နဝါရီ ၂ ရက် ရက်စွဲဖြင့် နိုင်ငံ့ဝန်ထမ်း/ ပြည်သူ့ ဝန်ထမ်းအဆင့်အလိုက် သတ်မှတ်ချက်၊ ကန့်သတ်ချက်များဖြင့် အခွန်များလျော့ပေါ့၍ ကားတင်သွင်းခွင့်ပြုမည့် သတင်း ထုတ်ပြန်ချက် တစ်ရပ် ထွက်ပေါ်လာသည့် နောက်ပိုင်းတွင် ရန်ကုန်မြို့တွင် ကားဝယ်ရောင်းနေရာအသီးသီးနှင့်ကား ပွဲစားတန်း အချို့မှာ ဈေးကွက်အေးစက်သွားပြီးအရောင်းအဝယ် ယာယီအားဖြင့်ငြိမ်သက်သလိုဖြစ်ပေါ်ကာ စောင့် ကြည့်နေကြကြောင်း ဝါရင့်ဝယ်ရောင်း အကျိုးဆောင် ကိုမြင့်ကျော် က ပြောသည်။

    လတ်တလောဈေးကွက်ထဲတွင် အထူးသဖြင့် သိန်း ၄၀ဝ အထက် ၅၀ဝအထက် အမြင့်ကားများ အမေး နည်း၊ အဝယ်မရှိဖြစ်သွားပြီး သိန်း ၂၀ဝ ဝန်းကျင်ဂျပန်ညာမောင်း ကားလေးအချို့သာ အချင်းချင်း အလဲ အထပ်ပုံစံဖြင့် အရောင်းအဝယ်ရှိပြီး    လတ်တလောထုတ်ရောင်းမည့်သူများလာ ကြောင်း၊ ယခင်က ထက် ဈေးတန်းအရ ၅ သိန်း၊ ၁၀ သိန်း ဆင်းပေးသော်လည်း အဝယ်အလွန်နည်းသွားကြောင်း ၎င်းက ပြောသည်။ ဆက်လက်၍ ဖြစ်ပေါ်လာနိုင်သည့် ကားဈေးကွက် အခြေအနေအားမေးမြန်းကြည့်ရာ အဆိုပါတန်ဖိုးကြီး ကားပါမစ်များနှင့်နောက်ဆုံးအဆင့်ခွင့်ပြုပေးမည့်  သိန်း ၃၀ဝ တန် ကားပါမစ်များထွက်ရှိလာသည့် အခြေ အနေပေါ် မူတည် ၍ ကားဝယ်ရောင်းသမားများ ကား လုပ်ငန်းသမားများ စောင့် ကြည့်ရမည်ဖြစ်ပြီး ယင်းကာလမှာလည်း လုပ်ငန်းစဉ်အဆင့် ဆင့် ဖြတ်သန်းရန် လိုအပ်ကြောင်း ဒုတိယပတ်အတွင်း ဌာန ဆိုင်ရာများမှ ပြုလုပ်သော ယာဉ်တင်သွင်းခွင့် အစည်းအဝေး များမှ ကြားသိရပြီး အဆိုပါ အခြေအနေ များပေါ်မူတည်၍ စောင့်ကြည့်ရမည်ဖြစ်သောကြောင့် လတ်တလောကားဈေးကွက် အရောင်း အဝယ် ကောင်းမွန်လာရန် မဖြစ်နိုင်သေး ကြောင်း ရှင်းလင်းပြောကြားသွားသည်။ 

 

SN

Local Trade News

Pages