ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည်

Wed, 06/26/2019 - 05:39 -- admin_ygn

     မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် European Chamber of Commerce of Myanmar(EuroCham) တို့သည် မြန်မာ-ဥရောပ ဆောက် လုပ်ရေးနှင့်အခြေခံအဆောက်အအုံ ရေ ရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို MCEF ခန်းမတွင် ဇွန် ၁၈ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယခုနားလည်မှုစာချွန်လွှာအရ  အပြန်အလှန် လုပ် ဆောင်ချက်ရှစ်ရပ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချုပ်(MCEF)က တင်ပြသော ပူးပေါင်းဆောင်ရွက်ချက်လေးရပ်မှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက် ၍ အသိ ပညာနှင့်အတွေ့အကြုံ ဖလှယ်ခြင်း၊ မူဝါဒရေးဆွဲသည့် လုပ်ငန်း စဉ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်မျှဝေခြင်း၊ နှစ်ဦးနှစ်ဖက် ဆက်သွယ်လုပ်ဆောင်ရေးလွယ်ကူချောမွေ့ စေရန်အတွက် ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ထောက်ခံတိုက် တွန်းအားပေးသည့်အဖွဲ့နှင့် သုံးလတစ်ကြိမ် ခန့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခြင်း၊ ဆောက်လုပ်ရေးဆိုင်ရာ ထောက်ခံတိုက်တွန်းအားပေးသည့်အဖွဲ့မှ ပင်ကိုစွမ်းရည်ရှိ သူများ ရှာဖွေ စုံစမ်းမေးမြန်းမှုများကိုဆန်းစစ်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

          European Chamber of Commerce of Myanmar (EuroCham) မှ တင်ပြသည့် ပူးပေါင်းဆောင်ရွက်ချက်လေးရပ်မှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက် ၍ အသိပညာနှင့် အတွေ့အကြုံဖလှယ်ခြင်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဆွေးနွေးညှိနှိုင်းခြင်းအကြံပေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် မူဝါဒများအကြံပြုခြင်း၊ အလုပ်သင်၊ ပုံမှန်လစ်လပ်သောရာထူးများနှင့် ပတ်သက် သည့်အချက်အလက် များ ဖော်ထုတ်ပြောကြားြ ခင်းတို့ဖြစ်ကြောင်း သိရသည်။ ယခုအခမ်းအနားသို့ MCEF ဥက္ကဋ္ဌဦးရှိန်ဝင်း၊ ဒုဥက္ကဋ္ဌ ဦးကျော်ပိုင်၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်တွင်း၊ ပြည်ပဆက်ဆံရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး European Chamber of Commerce of Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages