ဆားလင်းကြီးမြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းများတွင် ပိုးများကျရောက်၍ အထွက်နှုန်းလျော့နည်းနိုင်

Tue, 02/21/2017 - 06:19 -- admin_ygn

         ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသ၌ ဆောင်းမြေပဲ စတင်စိုက်ပျိုးချိန်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် အစိုဓာတ်များခြင်းတို့ကြောင့် စိုက်ပျိုးပြီး နှစ်ပတ်သုံးပတ်အကြာတွင်  ရွက်ပြောက်ရောဂါ ပိုးများ ကျရောက်ခဲ့ပါသည်။ အပွင့်ပွင့်ချိန်တွင် ရောဂါပိုများကျရောက်သဖြင့် မြေပဲအုချိန်တွင်ဥများနည်း ခြင်း၊ အတောင့်များ ဖွံ့ဖြိုးမှုနည်းပါးခြင်းတို့ကြောင့် အထွက်နှုန်း လျော့နည်း နိုင်ကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိ ရပါသည်။
         မြေပဲသီးနှံသည် ပျမ်းမျှအားဖြင့် တစ်ဧကလျှင် မြေပဲတောင့်တင်း ၆၀ မှ ၇၀ အထိ ထွက်ရှိရာ ယခုကဲ့သို့ အဖျက်ပိုးကျရောက်ပါက အထွက်နှုန်းလျော့နည်းနိုင် သော်လည်း ဈေးဆက်လက်ကောင်းမွန်လျှင် တောင်သူများအ တွက် အဆင်ပြေမည်ဟု တုံကျေးရွာမှ မြေပဲစိုက်တောင်သူတစ်ဦးက ပြောပြပါသည်။ လက်ရှိတွင် မုံရွာကုန်စည်ဒိုင်မြေပဲဆန်ပေါက်ဈေးမှာ မြေပဲလုံးဆန်ဖြူ၊ တစ် ပိဿာလျှင် ၂၄၇၅ကျပ်နှင့် မြေပဲလုံးဆန်နီ  တစ်ပိဿာလျှင် ၂၅၇၅ ကျပ်ြ ဖင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

 

လင်းလင်းသန့်

Local Trade News

Pages