ဆန်စပါးအထွက်တိုးခြင်းဆိုင်ရာစာအုပ်များကို အစိုးရနှင့် တောင်သူများထံ ပေးအပ်

Tue, 09/03/2019 - 04:28 -- admin_ygn

      မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ဆန်စပါးအထွက် တိုးခြင်းဆိုင်ရာ စာအုပ်များကို အစိုးရဌာနဆိုင်ရာနှင့် တောင်သူ လယ်သမားများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို သြဂုတ်၂၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ပြုလုပ်ခဲ့သည်။ "မြန်မာနိုင်ငံမှာရှိနေတဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စသည် ဆန်စပါးအသင်းချုပ်ရဲ့အရေးကိစ္စလို သဘော ထားပြီး စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်တာကို ပိုမိုဆောင်ရွက် ပေးခဲ့ပါတယ်။ အလားတူပဲ နည်းပညာပြန့်ပွားရေးအတွက် ကိုလည်း NGO တွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိပါတယ်။  ဆန် စပါးမျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာစာအုပ်ကိုလည်း ထပ်မံရိုက်နှိပ်ထုတ်ေ၀ လှူဒါန်းနိုင်တာ ဖြစ်ပါတယ်။ ထို့အတူပဲ ပေါ်ဆန်းမွှေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ပြီး စာအုပ်ကို ထုတ်ဝေနိုင်ခဲ့ တာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြောသည်။
       ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် 'မြန်မာ့ပေါ်ဆန်းမွှေး၏အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်အလား အလာဆွေးနွေးပွဲ' စာအု ပ်ဆောင်ရွက်ခဲ့မှုများကို ဒေါက်တာစိန်လှဗိုလ်ကလည်းကောင်း၊ 'စပါးအထွက်တိုးနည်းပညာ အခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ပုံနည်းလမ်း' စာအုပ်ပြုစုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို စာရေးသူ ဦးဘ ဟိန်း (ဘဟိန်း-စိုက်ပျိုး ရေး)ကလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မြန်မာ့ပေါ်ဆန်းမွှေး၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အလား အလာဆွေးနွေးပွဲစာအုပ်နှင့် စပါးအထွက် တိုးနည်းပညာ အခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း စာအုပ်များကို ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသ ကြီးတို့မှ အသင်းချုပ်ဝင် တောင်သူလယ်သမား များအား ပေးအပ်လှူဒါန်းခဲ့သည်။

 

သန်းထိုက်အောင်

Local Trade News

Pages