စံချိန်တင်ဈေးမြင့်တက်ပြီး အရောင်းနည်းခဲ့သည့် မြန်မာ့ရွှေ

Fri, 08/16/2019 - 04:04 -- admin_ygn

      ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ  ဩဂုတ်လပထမပတ်တွင် စံချိန်တင်ဈေးမြင့်တက်ကာ ဝယ်လိုအားမြင့်တက်လာခဲ့ပြီး  အရောင်းနည်းနေ ခဲ့ခြင်းကြောင့် အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း သိရသည်။ ယခင်ရက်သတ္တပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၅၁၀ဝ၀ ရှိခဲ့ရာမှ ယခုရက်သတ္တပတ် တွင် ကျပ် ၁၂၁၇၀ဝဝသို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ “ရွှေဈေးကတော့ ၁၂သိန်းကျော်ရာကနေ  စံချိန်တင်သွားပြီ။ ဈေးကွက် ထဲမှာလည်း အဝယ်လိုက်ရာကနေ ပစ္စည်းပြတ်သလိုဖြစ်သွားတယ်။  ရွှေဈေးက ဒီလပိုင်းတွေထဲမှာတောက်လျှောက်အကျမရှိဘဲ အတက်ပဲပြလာတော့ လူတွေက ဈေးတက်ဦးမလားဆိုပြီး အဝယ်လိုက်၊ အဝယ်လိုက်တော့ ဈေး တက်ဆိုသလိုဖြစ် သွားတယ်။ ရွှေကိုင်ထားတဲ့သူတွေကလည်း ဈေးတက်ကိုမျှော်ပြီး  မထုတ်ကြဘူး။ ဒီအတိုင်းဆိုရင်တော့ ကမ္ဘာ့ရွှေရော၊ မြန်မာ့ရွှေရောက ထပ်တက်နေဦးမယ်။ အမေ ရိကန်-တရုတ်ကုန်သွယ်ရေး ပဋိပက္ခ ပိုဆိုးလာတာက အဓိကကျပါတယ်” ဟု ပြည်တွင်းရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

       ပြည်တွင်းရွှေဈေးကွက်တွင် ဩဂုတ် ၅ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၆၈၀ဝဝရှိခဲ့ရာမှ ဩဂုတ် ၇ရက် တွင်အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၀၃၀ဝဝသို့မြင့်တက်ခဲ့ပြီး ဩဂုတ် ၉ရက်တွင် ကျပ် ၁၂၁၇၀ဝ၀ သို့မြင့်တက်ခဲ့ရာ မြန်မာ့ရွှေလောကတွင် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေ ဈေးကွက်မှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၀ဝကျော်သို့ မြင့်တက်လာခဲ့ပြီး ဩဂုတ် ၅ရက်က ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၄၅၇ ဒေါ်လာရှိခဲ့ရာမှ  ဩဂုတ် ၇ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၈၉ဒေါ်လာသို့ မြင့်တက်ခဲ့သလို ဩဂုတ် ၉ရက်တွင် တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၅၀၂ဒေါ်လာသို့ မြင့်တက်ခဲ့သည်။

 

သန်းထိုက်အောင်