စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် စားသုံးသူကာကွယ် ရေးကော်မရှင် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

Fri, 11/22/2019 - 07:52 -- admin_ygn

         မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင် ပထမအကြိမ်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်  မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စုပေါင်းခန်းမ၌  ကျင်းပရာ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု မြှင့်တင် ရေး၊ ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေး၊  ကုန်သွယ်မှု  စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေး၊ စားသုံးသူအကာအကွယ်ပေးရေးစသည့် မဏ္ဍိုင်ကြီးခြောက် ရပ်ကို တာဝန်ယူဆောင်ရွက် လျက်ရှိသည့်အပြင်SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊   အထူးစီးပွားရေးဇုန် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ  တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် စားသုံးသူအကာအကွယ် ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ်က  ပြဋ္ဌာန်းခဲ့သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အားနည်းချက်များ၊ အခက်အခဲများ တွေ့ရှိရသဖြင့် အသစ်ပြန်လည်ရေးဆွဲခဲ့ရာ မတ် ၁၅ ရက်တွင် စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို   ပြဋ္ဌာန်းနိုင်ခဲ့သည်။

          စားသုံးသူကာကွယ်ရေး  ဥပဒေသစ်အရ ယခင်ကဖွဲ့စည်းခဲ့သည့် စားသုံးသူ  အကာအကွယ်ပေးရေးဗဟိုကော်မတီ အစားမြန်မာနိုင်ငံ စားသုံး သူကာကွယ်ရေးကော်မရှင်ကို  ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ် ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ   အသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သည့် အဖွဲ့ဝင် ၂၁ ဦးအား  ပြည်ထောင်စုအစိုးရအဖွဲ့ က  ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည့်အတွက် ယခုကဲ့သို့  ပထမဆုံးအကြိမ် အစည် းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် စားသုံးသူ ကာကွယ် ရေးဥပဒေပါကော်မရှင်၏ လုပ်ငန်းတာဝန်(၁၂)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ အဆိုပါ လုပ်ငန်းတာဝန်(၁၂)ရပ် အနက် စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့်  အစီအမံများ ချမှတ်ခြင်း၊ စားသုံးသူအသုံးပြုမည့် သို့မဟုတ် စားသုံးမည့်ကုန်စည်များ လုံခြုံစိတ်ချမှုရှိစေရန် ဦးစားပေး ကဏ္ဍများ သတ်မှတ်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်  စားသုံး သူရေးရာကော်မတီ၊ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း၊  လိုအပ်ပါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  စားသုံးသူရေးရာကော်မတီနှင့်   ခရိုင်စားသုံးသူရေးရာ ကော်မတီများ ဖွဲ့စည်းပေးခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကော် မတီများကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းစသည့်  လုပ်ငန်းတာဝန်လေးရပ်ကို  ဦးစားပေးဆောင် ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း   ပဏာမဆွေးနွေးပြောကြားသည်။

          ဆက်လက်၍   စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို  ရှင်းလင်းပြောကြားပြီး  ကော်မရှင်သို့ တင်ပြသည့် အမှာစာများအား ရှင်းလင်းဖတ်ကြားခြင်းတို့ကို  ဆောင်ရွက်ခဲ့ရာ ကော်မ ရှင် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက်  ရှင်းလင်းဆွေးနွေး အကြံပြုခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ကော်မရှင်အဖွဲ့ဝင်များ၊   ဆက်စပ် ဌာနများ၊  စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အသင်းအဖွဲ့များနှင့် စားသုံးသူ ပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စား သုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား များကို ထိထိရောက်ရောက် ကာကွယ် စောင့်ရှောက်ပေးနိုင်မည်  ဖြစ်သည့် အတွက် အဖွဲ့ဝင်အားလုံး တက်ညီလက် ညီ  ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

MOC (IR)