စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Thu, 11/28/2019 - 08:29 -- admin_ygn

         ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ  ဖွင့်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်  တက်ရောက်အမှာစကား  ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုတိုးမြှင့်ရေးကြိုးပမ်းမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေသည့် နေ့တစ် နေ့ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး၊ ခရီး သွားလုပ်ငန်း မြှင့်တင်ရေး၊ စီးပွားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများကို  အစဉ်အလာကောင်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်း နိုင်ငံများနှင့်  ဒေသတွင်း စီးပွားရေးအဖွဲ့အစည်းများ ဖြစ်သည့် ASEAN, BIMSTEC, GMS, ACMECS, BCIM  စသော စီးပွားရေးအဖွဲ့အစည်းများမှာလည်း တကြွ်ကစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ- တရုတ် ကုန်သွယ်မှုတွင် နယ်စပ် ကုန်သွယ်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး မြန်မာ နိုင်ငံအနေဖြင့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ ကန်ပိုက်တီ နယ်စပ် ကုန်သွယ်ရေးစခန်းလေးခုကို ဖွင့်လှစ်ထားရှိပြီး ကုန် သွယ်မှုလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုကြောင့် ဒေသနှစ်ခုအကြား ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊  နှစ်ဖက်ကုန်သည်လုပ် ငန်းရှင်များအချင်းချင်း  ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေ ရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးတို့အတွက် အရေးပါသောအုတ် မြစ်တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (One Belt One Road)  အစီအစဉ် တွင် တရုတ်နိုင်ငံ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံ  လားရှိုး မြို့တို့သည်   အဓိကကျသည့်  လမ်းဆုံနေရာအဖြစ် တည်ရှိနေမည်ဖြစ်သည့်အတွက် အနာဂတ် ဖွံ့ဖြိုးတိုး တက်မှုအတွက် ဝိုင်းဝန်းကူညီပါဝင်ကြရန် စသည်ဖြင့် ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ သံမှူးကြီးမစ္စလီရှောင်ယဲ့၊ ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် မစ္စတာဝမ်ကျုံးရင်၊  လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့်  လင်ချန်းမြို့ပြည်သူ့ အစိုးရပါတီ အတွင်းရေးမှူး မစ္စတာ ယန်ဟောက်တုန်း တို့က မိန့်ခွန်းအသီးသီး ပြောကြားသည်။

      ယင်းနောက် ပထမအကြိမ်  မြန်မာ(လားရှိုး)- တရုတ် (လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်း အနားအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရှမ်း ပြည်နယ်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  ဦးစိုးညွန့်လွင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်း၊  အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးစိုင်းဘိုဘို၊ လင်ချန်းမြို့ ပြည်သူ့ အစိုးရပါတီ  အတွင်းရေးမှူး  မစ္စတာ ယန်ဟောက်တုန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံမှူး ကြီး မစ္စလီရှောက်ယဲ့၊ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ် ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာဝမ်ကျုံးရင်၊ လင်ချန်းမြို့အစိုးရ ပါတီ ဗဟိုကော်မတီဝင်  မစ္စတာ ရှန့်တုံးဟုန်၊ လင်ချန်းမြို့ ဒုတိယမြို့တော်ဝန် မစ္စတာလုကျစ်ဟွာတို့က  ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော် များသည် နှစ်နိုင်ငံဒေသထွက်ကုန်ဖြစ်သည့် စားသောက်ကုန်များ၊ အမှတ် တရ လက်ဆောင်ပစ္စည်းများ၊ လက်ဖက်နှင့် ကော်ဖီ၊ ခေါက်ဆွဲခြောက်၊ ကြာဆန်ခြောက်များ၊ သစ်အချော ထည်များ၊ ခရီးသွားလုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆိုလာ သုံး LED မီးသီးများ ပြသထားသည့်ပြခန်းများအား လှည့် လည်ကြည့်ရှုအားပေးသည်။ အဆိုပါပြပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၄  ရက်ထိ ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြခန်းပေါင်း ၁၄၀ အား ပြသခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၁ နာရီခွဲတွင် လားရှိုး မြို့ ကုန်သည်စက်မှုလက်မှုအသင်းချုပ်ရုံးခန်းမ၌ ကုန်သည် လုပ်ငန်းရှင်များအား တွေ့ဆုံပြီး ကုန်သည်လုပ်ငန်းရှင်များက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့ လားရှိုး မိုတယ်ခန်းမ ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ လင်ချန်းမြို့ ပြည်သူ့အစိုးရပါတီ အတွင်းရေး မှူးမစ္စတာ ယန်ဟောက်တုန်းနှင့်အဖွဲ့အား  ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

 

MOC(IR)