စလစ်ပြန်ထုတ်ပေးထားသည့် ဖောက်စွပ်ယာဉ် သုံးလအတွင်း အစီးရေ ၅၀ဝ ကျော်ရှိ

Thu, 01/16/2020 - 08:13 -- admin_ygn

     ဖောက်စွပ်ယာဉ်များကို သံရည်ကျိုအပ်နှံစေပြီး ယာဉ်အိုယာဉ်ဟောင်း အပ် အစားထိုးယာဉ် တင်သွင်း ခွင့်ပုံစံ “ဃ” (စလစ်) ပြန်လည်ထုတ်ပေးထား သည့် အစီးရေ သုံးလအတွင်း ၅၀ဝ ကျော်ရှိပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါ ဖောက်စွပ်ယာဉ်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ယာဉ်အိုယာဉ်ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ “ဃ” (စလစ်) ပြန်လည် ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာလကုန် အထိ စလစ်ထုတ်ပေးထားသည့် ယာဉ်အစီးရေ ၅၀၁ စီးရှိကြောင်း ယင်းဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။ ဒီဖောက်စွပ် စာရင်းတွေက အရင်သိမ်းထားတဲ့ ဟာတွေရော၊ အခု သိမ်းထားတဲ့ဟာတွေရော ပါဝင်ပါတယ်။ ဖောက်စွပ်ယာဉ်တွေက မော်တော်ယာဉ်ဥပဒေအရဆိုရင် ခွင့်ပြုချက်ရတာလည်း မဟုတ်ဘူး။ ကြိုတင်ခွင့်ပြုချက် ယူတာလည်း မဟုတ်ဘူး။ အစိတ်ပိုင်း မမှန်မကန် ပြောင်းတာ ဖြစ်တယ်။ မှတ်ပုံတင်မယ့် ယာဉ်တစ်စီးကို ဒီလိုမျိုး အစားထိုးပြီးတော့ လုပ်တာဖြစ်တဲ့ အတွက်ကြောင့် မော်တော်ယာဉ် ဥပဒေအရ ဒါမှတ်ပုံတင်ဖျက်ကိုဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်က  ပြည်သူရဲ့ နစ်နာ ချက်တွေကို စာနာထောက်ထားပြီးတော့ အခုလို ဖြေလျှော့ထားခြင်းဖြစ်ပါတယ်ဟု ၎င်းကပြော သည်။

    ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ မော်တော်ယာဉ် မှတ်ပုံတင်ဖျက်သိမ်းမိန့် ထုတ်ပြန်ပြီး ယာဉ်ပိုင်ရှင်များ က လာရောက်အပ်နှံခြင်း မရှိသေးသည့် ယာဉ်ပိုင်ရှင် လက်ဝယ်ရှိ ယာဉ်များ၊ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများနှင့် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့တွင် ထိန်းသိမ်းထားသည့် ယာဉ်များနှင့် အသစ် ထပ်မံတွေ့ရှိ သည့် ယာဉ်များကို စလစ်ထုတ်ပေးထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခင်က ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပုဒ်မ-၁၈ (င) အရ အစိတ်အပိုင်း မမှန်မကန်ပြောင်းလဲထားသော Body Coach  (ဖောက်စွပ်/ ဖြတ်ဆက်)ပါရှိသည့် မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခြင်း၊ မှတ်ပုံတင်မဲ့ ယာဉ်တစ်စီး (သို့ မဟုတ်) တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ (ဖောက်စွပ်/ဖြတ်ဆက်) ပြုလုပ်ထားခြင်းကြောင့် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ တားဆီးထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် ပြည်သူများ၏ နစ်နာချက်များကို စာနာထောက် ထားသည့်အတွက် ဖြေလျှော့မှုများ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    ယခုကဲ့သို့ ဖြေလျှော့ပေးမှုသည် ယခင်က မှတ်ပုံတင်ဖျက်သိမ်း ဆောင် ရွက်ခဲ့သော ယာဉ်ပိုင်ရှင် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများ အထိုက်အလျောက် သက်သာခွင့် ရရှိစေရေး၊ ယာဉ်သိမ်းဆည်းခံရသော ပြည်သူအများစု၏ အစားထိုးယာဉ် တင်သွင်းခွင့်ပုံစံ“ဃ” (စလစ်) ရယူလိုသည့် ဆန္ဒကို ဖြည့်ဆည်းနိုင်ရေး၊ အစိတ်အပိုင်း မမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များအားလုံး အပြီးတိုင်ဖျက်သိမ်းနိုင်ရေးတို့ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာတစ်ပြည်လုံးတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် အစီးရေ ၁၁ သိန်းခန့် ရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အစီးရေ ငါးသိန်းလေးသောင်းကျော်ရှိကြောင်း ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

 

ပန်းဆု

Local Trade News

Pages