စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံသားများဘဏ် စတင်စာရင်းဝင်သည့်နေ့မှာပင် ကျပ် ၁၀၀၀ ဈေးတက်

Wed, 08/31/2016 - 07:18 -- admin_ygn

          ယခုတစ်ပတ်တွင် မြန်မာနိုင်ငံသား များဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်သည့်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီး စတင်စာရင်းဝင်သည့်နေ့မှာပင် အရောင်းအဝယ်များဖြစ်ခဲ့ကာ ကျပ်တစ်ထောင် ဈေးမြင့်တက် ခဲ့ကြောင်း အစုရှယ်ယာဈေးကွက်မှ သိရသည်။ မြန်မာနိုင်ငံသားများဘဏ်၏ အစုရှယ်ယာ ဈေးနှုန်း သည် အခြေခံစံထား ဈေးနှုန်းမှာ ကျပ် ၆၈၀၀ ဖြစ်ရာ သြဂုတ် ၂၆ ရက် စတင် ရောင်းဝယ်သည့်နေ့မှာပင် ကျပ် ၇၈၀၀ ဖြင့် အေ ရာင်းအဝယ်ဖြစ်ခဲ့သည်။
         စာရင်းဝင်သည့်ကုမ္ပဏီတစ်ခု  ထပ်မံဝင်ရောက်လာသဖြင့် ရွေးချယ်စရာ အခွင့်အလမ်းများ ယခင်ကထက်များပြားလာခဲ့ကြောင်း၊ နောက်ထပ်လည်း ဝင် ရောက်လာမည့်ကုမ္ပဏီများကို မျှော်လင့်လျက်ရှိနေကြောင်း အစု ရှယ်ယာရောင်းဝယ်သူတစ်ဦးက ပြောကြားခဲ့သည်။ ယခုတစ်ပတ်တွင် MTSH ၏ရှယ်ယာဈေးနှုန်းများမှာ ယခင်တစ်ပတ်ကထက် ပြန်လည်မြင့်တက်လာခဲ့သော်လည်း FMI ၏ ရှယ်ယာဈေးနှုန်းများမှာမူ ယခင်ဈေး ကျပ်နှစ်သော င်းအတိုင်းသာရှိခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages