စစ်ကိုင်း နိုင်ငံတကာကုန်စည်ပြပွဲ၂၀၂၀ ကျင်းပမည်

Fri, 12/27/2019 - 08:33 -- admin_ygn

     စစ်ကိုင်းမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စစ်ကိုင်းခရိုင် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) တို့ ပူး ပေါင်း၍ စစ်ကိုင်း International Trade Fair 2020 ကုန်စည် ပြပွဲကြီးကို စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက် နမ်၊ ဂျပန်၊ အင်္ဂလန် စသည့်နိုင်ငံတို့၏ ကုမ္ပဏီများမှ အဆင့်မြင့် လူသုံးကုန်၊  အလှကုန်၊ စားသောက်ကုန်၊  ဖက်ရှင်အသုံး အဆောင်ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးထုတ်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်တွင်းအလှဆင်လုပ်ငန်းသုံး ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ အပါအဝင် ပြခန်း ပေါင်း ၈၀ ကျော်ပါဝင်ပြသရောင်းချမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မဏိပူရ်နှင့် အာသန်ပြည်နယ်တို့မှ လယ်ယာစိုက်ပျိုးရေးလုပ် ငန်းရှင်များ၊ ဘဏ်လုပ်ငန်းနှင့် သက် ဆိုင်သော လုပ်ငန်းရှင် များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင် များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ IT နည်းပညာနှင့်ပတ်သက် သော လုပ်ငန်းရှင်များ၊ အထည်အလိပ်နှင့် ပတ်သက်သော လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
     ကုန်စည်ပြပွဲကျင်းပနေသည့် သုံးရက်အတွင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊  ဦးကျော်ရင်မြင့် (MCDC)၊ ဦးအောင်ဆန်းဝင်း (အောင်သမာဓိ) တို့မှလည်း ဟောပြော ဆွေးနွေးကြမည်ဖြစ်ပြီး နိုင်ငံကျော်   အဆိုတော်ဖြစ်သည့် အိမ့်ချစ်၊ ဇော်မင်းဦး၊ လှိုင်းလေးတို့၏ သီဆိုဖျော်ဖြေမှုများနှင့် အတူ စစ်ကိုင်းတက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်း သူများ၏ ဖက်ရှင်ရှိုး၊  Dancer၊ မြန်မာ  အက အလှများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသဖြင့် စိတ်ပါ ဝင်စားသော ကုန်ထုတ်လုပ်ငန်းရှင်များ၊  အသင်းအဖွဲ့များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များမှ ပါဝင်ပြသရောင်းချနိုင် ကြောင်း သိရသည်။ 

 

နှင်းပန်းဖြူ(ဇေယျာကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages