ငါးဈေးကွက် တည်ငြိမ်မှုအားနည်းခြင်းမှာ ညီနောင်အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့်ဖြစ်

Wed, 12/04/2019 - 04:36 -- admin_ygn

       ပြည်တွင်း၌ အဓိကမွေးမြူသည့် ငါးသုံးမျိုး၏ ဈေးကွက်တည်ငြိမ်မှု အား နည်းရခြင်းမှာ ညီနောင်အသင်း အချင်း ချင်း ညှိနှိုင်းဆောင်ရွက်မှု အားနည်းနေ ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်လင်းက ပြောသည်။ နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ငါး သုံးမျိုးမှာ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ်တို့ဖြစ်ပြီး ယင်းငါး များသည် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်း စားသုံးမှုတို့တွင်များစွာ အရောင်းအဝယ် ဖြစ်သော်လည်း ငါးဈေးကွက်မှာ မတည် ငြိမ်သောကြောင့် နေ့စဉ်နှင့်အမျှ ဈေး နှုန်းပြောင်းလဲမှုများ ရှိနေသဖြင့် တည် ငြိမ်သည့် ဈေးကွက်တစ်ခုအဖြစ် ထိန်း ချုပ်နိုင်ပါက ယခုထက် ပိုမိုအလားအလာ ကောင်းလာနိုင်ကြောင်း ဦးဇော်လင်းက ပြောသည်။
      "ဒီငါးတွေရဲ့ဈေးက တစ်ရက် ကောင်းရင် တစ်ရက် မကောင်းဘူး။ ငါးမြစ်ချင်း က ဈေးကွက် ခိုင်မာလာပြီး လမ်းကြောင်းပေါ်ရောက်နေပြီ။ ကျန်တဲ့ ငါးနှစ်မျိုးရဲ့ ဈေးကွက်က ဒီတစ်ပတ် အတွင်းဆို နာလန်မထူနိုင်သေးဘူး။ ဒါတွေက ညီနောင်အသင်း တွေနဲ့ ပတ် သက်မှုရှိတယ်။ အခုဟာက တစ်သင်းနဲ့ တစ်သင်း၊ တစ်ဖက်နဲ့တစ်ဖက် ခေါင်း ဆောင်ပြုပြီး လုပ်ပေးနိုင်တဲ့ အနေအထား က အားနည်းတယ်" ဟု ၎င်းက ပြော သည်။ ငါးတန်ဈေးကွက်သည် ပြည်တွင်း ငါးခြောက်ဈေးကွက်နှင့် တိုက်ရိုက် ပတ် သက်နေပြီး ငါးခြောက်ဈေး၏ ၂၀ ရာခိုင် နှုန်း၊ ၃၀ ရာခိုင်နှုန်းသည် ငါးတန် ဈေး ကွက်တွင် မှီခိုနေရသည်ဟု ဆိုသည်။ "အခု ဈေးကွက် အခြေအနေက ငါးခြောက်သမားက အဆင်ပြေသလို ဝယ်တယ်။ ရောင်းတဲ့သူက ငါးခြောက် သမားကိုမျှော်တယ်။ ရောင်းတဲ့သူ နည်းသွားတော့ ငါးခြောက်သမားက ရောင်း တဲ့သူနောက်ကို လိုက်တယ်။ ဈေးကွက် အနေအထားနဲ့ ငါးလည်းပေါလာရော ငါးခြောက်သမားက မရှိဘူး။ အဲဒီလို အနေအထားတွေ ကို တည့်မတ်ဖို့တော့ လိုတယ်။ အဖွဲ့ချုပ်နဲ့ တစ်ဦးချင်းအပေါ် မှာ တာဝန်ရှိတယ်လို့ မြင်တယ်။ ပေါင်း စပ်ညှိနှိုင်း ဆွေးနွေးမယ်ဆို အများကြီး ကောင်းလာနိုင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
        လက်ရှိ မြန်မာ့ပို့ကုန် တိုးမြှင့်ရေး အနေအထားတွင် ရေလုပ်ငန်းမှာကဏ္ဍ များစွာ ပါဝင်နေပြီး မွေးမြူရေး လုပ်ငန်း ရှင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့ချုပ်၊ အခြားသော နည်းပညာပေးသည့် ပုဂ္ဂိုလ်များလည်း လိုအပ်လျက်ရှိကာ အဓိကအားဖြင့် ပြည်တွင်း၌ မွေးမြူသည့် ငါး သုံးမျိုး ဈေးကွက်သည် ယနေ့အထိ တည်ငြိမ်မှု အားနည်းနေသေးကြောင်း ၎င်းကပြောသည်။ ထို့ပြင် ငါးမွေးတောင်သူများ အနေဖြင့် လွန်ခဲ့သည့် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များ၌ စီးပွားရေးကျသည့် ဘက်ကို ရောက်ရှိခဲ့သောကြောင့် ငါး မွေးမြူရေးအသင်းနှင့် ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကြို တင် ပြင်ဆင်မှုများကို ပြုလုပ်ထားသင့် ကြောင်း ၎င်းက ပြောသည်။

 

ပန်းဆု