ကျပ် ၁၂သိန်းဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်တွင်းရွှေ

Fri, 11/15/2019 - 05:49 -- admin_ygn

     ပြည်တွင်းရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း ကျဆင်းခဲ့ပြီး ဈေးကွက် ပိတ်ချိန်တွင် ကျပ် ၁၁သိန်းဝန်းကျင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ယခင်ရက်သတ္တပတ်က ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၁၈၀ဝ၀ရှိခဲ့ရာမှ ယခုရက် သတ္တပတ်တွင်ရွှေတစ်ကျပ်သားလျှင်  ကျပ် ၁၂၀၃၀ဝ၀ဖြင့်  ဈေးပိတ်ခဲ့ကြောင်း သိရသည်။ ရွှေကတော့ ပြည်တွင်းမှာရော နိုင်ငံတကာဈေးကွက်မှာပါ ဈေးကထိုးကျသွားတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေး ဆိုင်ရာသဘောတူညီချက်ဖြစ်တဲ့  သွင်းကုန်ခွန်များရုပ်သိမ်းသွားမယ်ဆိုတဲ့သတင်းတွေလည်း တက်လာတယ်။   ဒါက ကောင်းတဲ့အလားအလာပေါ့။ နောက်ပြီး ခုလိုဈေးကျဆင်းမှုမျိုးက  နှစ်နှစ်ခွဲတာ ကာလအတွင်းသီတင်းပတ်အလိုက် ဈေးအများဆုံးကျဆင်းမှုကို ဦးတည်နေတယ် လို့ ကမ္ဘာ့ရွှေဈေးကွက် ကျွမ်းကျင်သူတွေက  သုံးသပ်နေကြတယ်။ ရေနံကတော့ အကျဈေးနဲ့တန့်နေပြီး ကုန်သွယ်ရေးဆွေးနွေးပွဲရလဒ်ကို  စောင့်နေတဲ့ပုံစံဖြစ်နေတယ် ဟု ပြည်တွင်းရွှေ အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

      ပြည်တွင်းရွှေဈေးကွက်တွင် နိုဝင်ဘာ ၅ ရက်က   အခေါက်ရွှေတစ်ကျပ်သား လျှင်ကျပ် ၁၂၁၂၀ဝ၀ရှိခဲ့ရာမှ နိုဝင်ဘာ ၇ရက် တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၀၆၀ဝ၀ သို့ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၈ရက်တွင် ကျပ် ၁၂၀၃၀ဝ၀သို့ ရောက် ရှိခဲ့ရာ ယခင်ရက်သတ္တပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ဈေးကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်၌  နိုဝင်ဘာ ၅ရက်က ရွှေတစ်အောင် စလျှင်  အမေရိကန်ဒေါ်လာ ၁၅၀၄ဒေါ်လာရှိခဲ့ရာမှ နိုဝင်ဘာ ၇ရက်တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၄၈၄ ဒေါ်လာသို့ ကျဆင်းခဲ့သလို နိုဝင်ဘာ၈ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၇၁ဒေါ်လာဖြင့် ဈေးပိတ်ခဲ့သည်။ 

 

သန်းထိုက်အောင်