ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း ( Medium Term Programme – MTP ) အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

Fri, 04/07/2017 - 04:00 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် World Bank Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ေျဆာင်ရွက်နိုင်ရန်အတွက် ရေးဆွဲ ထားသော နှစ်လတ်စီမံကိန်း Medium Term Programme(MTP) Report ထုတ်ပြန်ခြင်း အခမ်းအနားကို မတ် ၃၀ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံ တော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၇ နှစ် World Economic Forum အစည်းအဝေး၏ ထုတ်ဖော်ချက်များအရ ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ရမည့် အစီအစဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းညှိနှိုင်းပြီး Public- Private Cooperation မှတစ်ဆင့် အနာဂတ်ကမ္ဘာကို ပုံဖော်မည့်  14 System Initiatives နှင့် ဆက်နွယ်နေသော ကိစ္စရပ်များတွင် ကမ္ဘာလုံးနှင့်သက်ဆိုင်သည့် အုပ်ချုပ်ခြင်း အမူအကျင့် (Global Governance)ကို တိုးမြှင့်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၆ တွင် IMFမှ ထုတ်ပြန်သော စာရင်းအရ မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းအမြင့်ဆုံးအဆင့် တွင် ဒုတိယနေရာ၌ ရှိနေပါကြောင်း၊ သို့သော်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာသည်နှင့်အမျှ အာရှဒေသတွင်း စီးပွားရေးအင်အားကြီး နိုင်ငံများ၏ စီးပွားရေးများသည်လည်း နှေးကွေးလာခဲ့ပါကြောင်း၊ ယခုအချိန်တွင် မြန် မာနိုင်ငံသည် တစ်ကမ္ဘာလုံးနှင့် ပေါင်းစည်းမှု အလျင်အမြန် မြင့်မားလာ ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ကမ္ဘာကြီးနှင့် မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန် အရေးကြီးလှပါကြောင်း၊ ကုန်သွယ်မှုက ဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်မည့် သက်ဆိုင်ရာဌာနများအလိုက် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် ဖွံ့ဖြိုး မှု မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင် များအနေနှင့်လည်း လိုအပ်သော နည်း ပညာဆိုင်ရာ အကူအညီများနှင့် ငွေကြေးအထောက်အပံ့များကို ပူးပေါင်းပါဝင်ပြီး မြန်မာ့စီးပွားရေးကို ကမ္ဘာလုံး ဆိုင်ရာများနှင့် ပေါင်းစည်းနိုင်ရန် ဆက်လက်ကူညီ  ဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာ နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေး  အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာ အကူအညီေ ပးရေး အစီအစဉ် "Enhanced Integrated Framework (EIF) " ကို ၂၀၁၃ ခုနှစ် အတွင်း ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့ အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်အတွင်း ကုန် သွယ်မှုဆိုင်ရာ ဘက်စုံလေ့လာဆန်းစစ်မှု “Diagnostic Trade Integrated Study – DTIS” အား ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေနဲ့လည်း ၂၀၁၆ ခုနှစ် ဇူလိုင်လမှစတင်၍ စီးပွားရေးမူဝါဒ (၁၂) ချက်ကိုချမှတ်ခဲ့ကြောင်း၊  နိုင်ငံတော်၏ အနာဂတ်တွင်  စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ နိုင်ငံတော်အတွက် ပေးဆောင်ရမည့်အခွန်အခများကို အပြည့်အဝေ ပးဆောင်ခြင်းဖြင့် အကျိုးအမြတ်ကိုမျှဝေနိုင်မှသာလျှင် ကုန်သွယ်ရေးကိုဦးတည်သည့် ဖွံ့ဖြိုးတိုးတက်မှုကို အမိအရဆုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်း၊ Medium Term Programme ဆိုသည်မှာ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ေ ရးအတွက်ကဏ္ဍစုံမှ နှစ်တို၊ နှစ်လတ် (၂နှစ်/ ၃နှစ်/၅နှစ်အတွင်း) ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် (Action Matrix) များကို တစ်ပေါင်းတစ်စည်းတည်း ဖော်ပြထားသည့်အစီရင်ခံစာဖြစ်ပါကြောင်း၊ အခြားလေ့လာဆန်းစစ် မှု အစီရင်ခံစာများဖြစ်သော အမျိုးသားပို့ကုန်ဆိုင်ရာ မဟာဗျူဟာအစီရင်ခံစာများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အစီရင်ခံစာများ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုင်ရာ အစီရင်ခံစာများ၊ အာဆီယံကုန်စည်နှင့် ဝန်ေ ဆာင်မှု ဆိုင်ရာ အစီရင်ခံစာစတဲ့စာတမ်းများမှ ဦးစားပေးကဏ္ဍများအား ရွေးထုတ်၍ ရှေ့ဆက်ဆောင်ရွက်မည့် မဏ္ဍိုင်ကြီးငါးခု၊ လုပ်ငန်းစဉ်အတွဲ ၂၃ ခု နှင့် ဦးစားပေး လုပ်ငန်း ၁၈၁ ခုတို့ကို ဦးစားပေးကဏ္ဍအနေဖြင့် ရွေးချယ် ထားခြင်း ဖြစ်ပါကြောင်း၊ မဏ္ဍိုင်ကြီး ငါးခုမှာကုန်သွယ်မှု မူဝါဒနှင့်အဖွဲ့အစည်းများ၊ ကုန်သွယ်မှုလွယ်ကူစေရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ထောက် ပံ့ပို့ဆောင်ရေး၊ အရည်အသွေးမြင့် အခြေခံအဆောက်အဦးနှင့် စံချိန်စံညွှန်းများ ၊ ပုဂ္ဂလိက  ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပို့ကုန်အမျိုး မျိုး ထုတ်လုပ်ရေးတို့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ယခုလောလောဆယ်ကာလတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ ၏ EIF အစီအစဉ် အရနိုင်ငံတကာမှ အလှူရှင်များကပေးအပ်သည့် အကူအညီများမှ အကျိုးအမြတ်များ ရရှိနေပြီး ကုန် သွယ်မှုနှင့် ဆက်နွယ်နေသော ဝန်ကြီးဌာနများနှင့် ပြန်လည် ချိတ်ဆက်မိပြီးဖြစ်ပါကြောင်း၊ MTP လုပ်ငန်းစဉ်သည် နိုင်ငံ တော်၏ စီးပွားရေး ဦးတည်ချက်များနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (SDGs) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  အရေးပါတဲ့ကဏ္ဍမှ ပါဝင်နေကြောင်း၊  MTPကိုထိရောက် စွာ အကောင်အထည် ဖော်နိုင်ဖို့၊ အစိုးရဝန်ကြီးဌာနများ၊ ဦးစီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ Private နဲ့ Public အကြား ပူးပေါင်း ဆောင်ရွက်မှုတွေဟာလည်း အလွန်အရေးကြီးတဲ့ အခန်း ကဏ္ဍများပဲဖြစ်ပါကြောင်း ပြောကြားပါသည်။
         မြန်မာနိုင်ငံသည် ယခုအခါမှာ ကုန်သွယ်မှု ကဏ္ဍတိုးတက်ဖွံ့ဖြိုးရေး အကူအညီများ (Aid for Trade)အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများထံမှ အကူအညီပေးသော EIF Programme၊ Trade Development Programme ကဲ့သို့သော အစီအစဉ်များ ကြောင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များ ပေါ်ထွက်လာပြီဖြစ် ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ သံအမတ်ကြီးနှင့် ကမ္ဘာ့ဘဏ်မှ Country Manager တို့က အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ စိုက် ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော် နှင့်အမျိုးသားလွှတ်တော် စီးပွားရေးရာကော်မတီမှ လွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေး ဝန်ကြီးများ၊ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များ၊ UMFCCI ဥက္ကဋ္ဌနှင့်  ညီနောင်အသင်းအဖွဲ့များမှ ကိုယ် စားလှယ်များ ၊ မြန်မာနိုင်ငံဆိုင်ရာ  ဥရောပသမဂ္ဂအဖွဲ့ သံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သော အီးယူကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ Country Manager ဖြစ်သူ Mr. Abdoulaye  Seck ခု ဦးဆောင်ေ သာ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊GIZ , UK Aid, Australian Aid( AsuAID) , JICA အစရှိသော  မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။ နေ့လယ်ပိုင်းတွင်  “Meeting with Development Partners on MTP” အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ အဖွဲ့ အစည်း များမှ  ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ MTPလုပ်ငန်းစဉ် များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၎င်းတို့အနေ ဖြင့် ပံ့ပိုးကူညီနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဇာနည် (WTO)

Local Trade News

Pages