ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်သည့် မိုးကုတ်ကျောက်မျက်များကို Limited Edition ဖြင့် ရောင်းချပေးသွားမည်

Wed, 07/17/2019 - 04:44 -- admin_ygn

       ပြည်တွင်းရှိ ကျောက်မျက်ဈေး ကွက်အတွင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ် လုပ်ထားသည့် မိုးကုတ်ကျောက်မျက် ရတနာများကို Limited Edition ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုးကုတ်ဆူးလေ ကျောက်မျက်ရတနာ အရောင်းဆိုင်မှ သိရသည်။ ကျောက်မျက်ရတနာ ဝတ်ဆင် ကြသူများအနေဖြင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်ဒီဇိုင်းထွင်၍ ဝတ်ဆင်လာကြသလို ပန်းပွင့်ပုံစံဒီဇိုင်းများ၊ ဖန် စီဆန်ဆန်ဒီဇိုင်းများကိုလည်း ဝတ်ဆင်လာကြကြောင်း သိရသည်။
      "အစ်မတို့က သဘာဝကျောက် တွေကိုပဲ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ပန်းပွင့်ပုံဖော် တယ်။ တစ်မျိုးကိုတစ်ခုပဲ ထုတ်တယ်။ အခုခေတ်ပုံစံအကြိုက် ဒီဇိုင်းလေးတွေ ထုတ်တယ်။ လူတစ်ယောက်ကို ဒီဇိုင်း တစ်ခုပဲ၊ ထပ်မထုတ်ဘူး။ အခု စမိတ်ဆက်ထားတဲ့ လက်စွပ်၊ နားကပ်၊ ဆွဲသီးတွေကိုလည်း Limited Editon ထုတ်သွားမှာပါ။ နောက်ပိုင်းမှာလည်း ဆူးလေမိုးကုတ်ရဲ့ Item ကွဲတွေကိုလည်း Limited Editon လုပ်သွားဖို့ ရှိပါတယ်"ဟု ဆူးလေမိုးကုတ် ကျောက် မျက်ရတနာ ဆိုင်ပိုင်ရှင် ဒေါ်ဆုရည်မွန်ဇင်က ပြောသည်။
      "အခု Flower Collection နဲ့ အတူ ငွေထည်နဲ့ ဖန်စီဒီဇိုင်းအတွက် အသစ်ထုတ်ထားတာလည်း ရှိပါတယ်။  မြန်မာတွေအတွက် ပစ်တိုင်းထောင်ပုံစံ Charm လေးတွေကို ထုတ်ထားပေးတယ်။ မြန်မာနိုင်ငံကိုယ်စားပြု အလံေ လးတွေ ကိုလည်း ထည့်ပေးထားပါတယ်။ အစ်မ တို့ပေးတဲ့ Certificate ဆိုတာကလည်း ဒီဇိုင်းအပေါ်မှာ ပေးတာပါ။ ဒီဟာက တခြားကို ထပ်မထုတ်ပေးဘူးဆိုတဲ့ပုံစံနဲ့ ဝယ်ယူသူရဲ့ ဓာတ်ပုံနဲ့တကွ ထုတ်ပေး တာပါ။ ကွာလတီနဲ့ ဆားဗစ်ပိုင်းအတွက်ကိုလည်း ထိန်းပေးထားပါတယ်"ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါ ကျောက်မျက်အထည်များမှာ ဝယ်ယူသူအကြိုက်ပေါ်မူတည်၍ ကျပ် နှစ်သိန်းမှ ကျပ် ၁၀ သိန်းဝန်းကျင်ရှိ ပစ္စည်းများမှာ အရောင်းသွက် လျက်ရှိကြောင်း သိရသည်။

 

ချောစု

Local Trade News

Pages