ကမ္ဘောဇဘဏ်နှင့် VMware တို့ပူးပေါင်း၍ ဒေတာစင်တာနှင့် နည်းပညာအခြေခံဖွဲ့စည်းပုံစနစ်ကို ခေတ်မီစေရန် အဆင့်မြှင့်တင်မည်

Fri, 08/25/2017 - 07:03 -- admin_ygn

     ကမ္ဘောဇဘဏ်နှင့် VMware တို့ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရန်အတွက် ဒေတာစင်တာ နှင့်နည်းပညာအခြေခံဖွဲ့စည်းပုံစနစ်ကို ခေတ်မီစေရန် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သြဂုတ် ၁၈ ရက် က ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင်ကျင်းပခဲ့သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှသိရသည်။ ကမ္ဘောဇဘဏ်နှင့် အမေရိကန်နိုင်ငံမှ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် VMwareတို့သည် ကမ္ဘောဇဘဏ်၏ လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဘဏ်၏ဒေတာစင် တာကို အသွင်းပြောင်းလဲ ဆန်းသစ်ရန်အတွက် နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
         ကမ္ဘောဇဘဏ်အနေဖြင့် နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲစုစု ပေါင်း ၄၈၂ ဘဏ်နှင့် မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ဖွင့်လှစ်ထားသော  ရုံးခန်းများတွင် အကျိုးရှိစေရန် ၎င်းတို့၏ နည်းပညာအခြေခံ ဖွဲ့စည်းပုံစနစ်ကို အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။ VMware အနေဖြင့် သတင်းအချက်အလက်နှင့်နည်းပညာ အထောက်အကူပြု ဆော့ဖ်ဝဲများဖြစ်သောvSphere® with Operations Management™,  vCloud, vRealize Operations Advanced, NSX®, Site Recovery Manager™, AirWatch နှင့် Horizon ပါဝင်သည့် Automation software များဖြင့်ဖွဲ့စည်းထားသည့်Software Defined Data Center (SDDC) ကို အသုံးပြု ၍ ကမ္ဘောဇဘဏ်သည် ပိုမိုမြန်ဆန်ပြီး လုံခြုံစိတ်ချမှုရှိသော ဘဏ်လုပ်ငန်းစနစ်ဖြင့် ၎င်းတို့၏မိတ်ဖက်လုပ်ငန်း စုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများ ပိုမိုလိုအပ်လာမည့် ဒစ် ဂျစ် တယ်ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံက တံခါးဖွင့်ကြိုဆိုလာသည်နှင့်အမျှ နယ်ပယ်အသီးသီးတွင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများအား နည်းပ ညာအရ နှောင့် ယှက်မှုများရှိလာနိုင်ပါသည်။ ထို့ကြောင့် ပိုမိုလုံခြုံမှုရှိစေရန်အတွက် ကမ္ဘောဇဘဏ်က VMware မှနေ၍ တစ်ဦးတစ်ယောက်ချင်းစီ၏ လုပ်ငန်းဆောင်တာများတွင် နည်းပညာရပ်ဆိုင်ရာ လုံခြုံရေးစည်းမျဉ်း စည်း ကမ်း (Customized Security Policies) များထားရှိပြီး ဘဏ်၏အချက်အလက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကာကွယ်ပေးထားနိုင်သော NSX® ပါဝင်သည့်အသွင်သစ် ပြောင်းလဲထားသည့် ကွန်ရက်မှတစ်ဆင့် အချ က်အလက်များနှင့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင် နိုင်ရန် လုံခြုံရေး ထပ်မံတိုးမြှင့်ပေးထားကြောင်း သိရသည်။
      "မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ဖောက်သည်များများရဖို့ ဘယ်လိုပြောင်းလဲဆန်းသစ်လာကြသလဲဆိုတာနဲ့ မြင်သာတဲ့လုပ်ငန်းရလဒ်တွေရဖို့ လုပ်ငန်းမှာ ယုံကြည်စိတ်ချရတဲ့ နည်းပညာ solutions တွေ ဘယ်လိုအ သုံးပြုလာကြသလဲ ဆိုတာကိုပြဖို့ ကမ္ဘောဇဘဏ်က အကောင်းဆုံးဥပမာပါပဲ။ VMware ရဲ့ဖောက်သည်တွေက အခုအချိန်မှာ ပြောင်းလဲဖို့အတွက် လမ်းကြောင်းပေါ်မှာ ရောက်နေကြပါပြီ။ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွား ရေးလုပ်င န်းတွေ တိုးတက်ဖို့အတွက် ကျွန်တော်တို့ရဲ့ နည်းပညာ solutions တွေနဲ့အတူ အကူအညီပေးသွားမှာပါ"ဟု အာရှပစိဖိတ်နှင့်ဂျပန် VMware ၏ Senior Vice President နှင့် General Manager ဖြစ်သူ Duncan Hew -ett က ပြောကြားခဲ့သည်။

 

Local Trade News

Pages