ကမ္ဘာ့နိုင်ငံအသီးသီးရှိအရောင်းဆိုင်ပေါင်း သန်း ၄၀ ကျော်တွင် ကမ္ဘောဇဘဏ်၏ KBZ Visa Credit Card ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီ

Thu, 02/02/2017 - 06:13 -- admin_ygn

        ကမ္ဘာ့နိုင်ငံအသီးသီးရှိ အရောင်းဆိုင်ပေါင်း သန်း ၄၀ ကျော်နှင့်မြန်မာ နိုင်ငံရှိ အရောင်းဆိုင်ပေါင်း ၇၀၀၀ ကျော်တို့တွင် ကမ္ဘောဇမှ အသစ်ထုတ် လုပ်လိုက်သည့် KBZ Visa Credit Card ကို သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဇဘဏ်လီမိတက်သည် Visa နှင့်ပူးပေါင်း၍  အကြေးွဝယ်ကတ် ကို ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါအကြွေးဝယ်ကတ်တွင် Classic Card နှင့် Platinum ဟူ၍ နှစ်မျိုးထုတ် လုပ်ထားပြီး  ကတ်နှစ်မျိုးစလုံးအား Visa ၏ဆန်းသစ်သော PayWave နည်းပညာဖြင့် ချိတ်ဆက်လုပ်ဆောင် သွားမည်ဖြစ်သည်။
         KBZ Visa Credit Card ကို ကိုင်ဆောင် အသုံးပြုသူတစ်ဦးသည် အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်သိန်း ၅၀ အထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲ နိုင်မည့်အချိန်ကာလမှာ ၄၅ ရက်ဖြစ် ကြောင်း သိရသည်။ သတ်မှတ်ထား သည့် ၄၅ ရက်အတွင်း မိမိအသုံးပြု ထားသည့် ငွေပမာဏအား ပြန်လည် ပေးဆပ်ပါက  အတိုးပေးချေရမည် မဟုတ်ဘဲ ထိုကာလ ကျော်လွန်သွား ပါက အတိုးအဖြစ် ဗဟိုဘဏ်မှ သတ် မှတ်ထားသည့် အတိုးနှုန်း ၁၃ ရာခိုင် နှု န်းပေးချေရမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဇဘဏ်နှင့် Visa တို့ ပူး ပေါင်းဆောင်ရွက်ခဲ့သည့် အဆိုပါ KZB Visa Credit Card ကို ကိုင် ဆောင်သုံးစွဲသူသည် နိုင်ငံပေါင်း ၂၀၀ ရှိ Visa ကတ်ကို အသုံးပြု၍ ငွေပေး ချေနိုင် သည့် နေရာပေါင်း သန်း ၄၀ နှင့် မြန်မာနိုင်ငံရှိ Visa ကတ်ကို အသုံး ပြု၍ ငွေပေးချေနိုင်သည့်နေရာပေါင်း ၇၀၀၀ ကျော်တို့တွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ အဆိုပါကတ်ဖြင့် ငွေသား ထုတ်ယူခြင်း၊  စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းဝယ်ယူခြင်းများကို ပြုလုပ် နိုင်သကဲ့သို့ နိုင်ငံတကာနှင့် မြန်မာ နိုင်ငံတို့ရှိ ATM စက်များတွင်လည်း ငွေသားကို ထုတ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။
       "KBZ Visa Credit Card ကို ကိုင်ဆောင် အသုံးပြုသူတွေအနေနဲ့ စားသောက်ဆိုင်တွေ၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေကပေးတဲ့ အထူး လျှော့ဈေး အခွင့်အရေးတွေကိုလည်း ခံစားနိုင်မှာဖြစ်သလို နိုင်ငံတကာ လေဆိပ်ေ တွရဲ့ စားသောက်ဆိုင်တွေမှာ ၅၀ ရာခိုင်နှုန်း အထူး Discount ရမှာ ဖြစ်သလို မြန်မာနိုင်ငံက လေဆိပ်တွေ မှာလည်း ၁၀ ရာခိုင်နှုန်း Discount တွေရရှိမှာ ဖြစ်ပါတယ်။ ပြည်ပခရီး သွားတွေအတွက် ခရီးသွားအာမခံရ ရှိနိုင်မှာြ ဖစ်ပါတယ်။ ဆူးလေရှန်ဂရီ လာမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ တစ်ကြိမ်စားသုံးရင် ၂၀ ရာခိုင်နှုန်း Discount ရရှိမှာဖြစ်တာကြောင့် ငါး ကြိမ်စားသုံးတာနဲ့ အခမဲ့စားသုံးခွင့်တစ်ကြိမ်ရရှိမှာဖြစ်ပါတယ်။ ကျွန်မ တို့ အနေ နဲ့ မြန် မာနိုင်ငံက သုံးစွဲသူတွေကို အကောင်းဆုံး အကြွေးဝယ်ကတ်တွေနဲ့ ဝန်ဆောင်မှုပေးဖို့  အရေးပါသလို အကြွေးဝယ်ကတ်တွေကို အသုံးပြုတဲ့ အခါမှာ တာဝန်ယူမှုရှိရှိနဲ့ အသုံးပြုသင့် ပါတယ်"ဟု ကမ္ဘောဇဘဏ်၏ ကတ် ဌာနမှ အထွေထွေမန်နေဂျာ ဒေါ်ဆွေ ဇင်ဝင်းက ပြောကြားခဲ့သည်။
           အဆိုပါကတ်တွင် Visa PayWave နည်းပညာကို အသုံးပြုထားသဖြင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်ငွေပေးချေ မှု၊ အွန်လိုင်းမှ ဈေးဝယ်ခြင်းများနှင့် များစွာသော ဝန်ဆောင်မှုများကို ရယူ နိုင်ပြီဖြစ်သည့်အပြင် Platinum ကတ် ကို အသုံးပြုသူများအနေဖြင့် နိုင်ငံ တကာမှ အရေးပေါ်အကူအညီများကို လည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါကတ်သည် နိုင်ငံတကာ တွင်ပါ အသုံးပြုနိုင်သည့် ကတ်အမျိုး အစားဖြစ်သော် လည်း မြန်မာ ကျပ်ငွေ ဖြင့် အသုံးပြုနိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း  ငွေထုတ်ယူမှုများ တွင် ငွေလဲနှုန်းနှင့်ပတ်သက်၍ စိုးရိမ် စရာမလိုကြောင်း သိရသည်။

 

မယ်သီတာ