ဗြိတိန်ဝန်ကြီးချုပ်၏ အိန္ဒိယခရီးစဉ်အတွင်း ပေါင်တစ်ဘီလီယံကျော်ရှိသည့်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့

Fri, 12/16/2016 - 06:27 -- admin_ygn

         နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ  ဗြိတိန်ကုန်သွယ်ရေး အဖွဲ့ကို ဦးဆောင်ကာ အိန္ဒိယနိုင်ငံသို့  ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည့် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ၏ သုံး ရက်ကြာခရီးစဉ်အတွင်း ဗြိတိန်နှင့်အိန္ဒိယကုမ္ပဏီ များအကြား စတာလင်ပေါင် ၁ဒသမ၂ဘီလီယံခန့်(ရူပီး၁၀၂၂၆  ကုဋေခန့်) ပမာဏရှိ စီးပွားရေးဆိုင်ရာ သဘောတူညီမှု စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ဗြိတိန်အနေဖြင့် အီးယူအဖွဲ့မှ နုတ်ထွက်ပြီးပါက  ကမ္ဘာ့ရေး ရာကဏ္ဍတွင် စာမျက်နှာသစ်ဖွင့်လှစ်နိုင်ရန်နှင့် ကိုယ်ပိုင်ယုံကြည်ချက်ရှိသော လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစေရန်အတွက် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဗြိတိန်စီးပွားရေးလုပ်ငန်းများ အနေဖြင့် အိန္ဒိယနိုင်ငံနှင့်ကုန်သွယ်မှု ပိုမိုဆောင်ရွက်ရန်၊ ဗြိတိန်နိုင်ငံတွင် အလုပ်အကိုင်များပိုမိုဖန်တီးပေးနိုင်ရန် နှင့် ရင်းနှီးမြှုပ်နံှမှုများ ပိုမိုဆောင်ရွက်လာနိုင်ရန် အိန္ဒိယအစိုးရနှင့် သဘောတူညီခဲ့ကြကြောင်း၊ ဗြိတိန်နိုင်ငံတွင် အခြေချနေထိုင်သည့် အိန္ဒိယနွယ်ဖွား လူဦးရေပေါင်း ၁ ဒသမ ၅သန်းနီးပါးခန့်ရှိရာ အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများသည်  ဗြိတိန်နိုင်ငံအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ထိုမျှသာမကအိန္ဒိယနိုင်ငံ သည် ဗြိတိန်နိုင်ငံ၏ ဒုတိယအများဆုံး နိုင်ငံတကာအလုပ် အကိုင် ဖန်တီးပေးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊  ပြီးခဲ့ သည့်နှစ်ကလည်း အိန္ဒိယနိုင်ငံသည် ဗြိတိန်နိုင်ငံရှိ စီမံ ကိန်းပေါင်း ၁၄၀ခန့်မှ အလုပ်အကိုင်သစ်ပေါင်း ၈၁၀၅ ခန့်  ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဗြိတိန်နိုင်ငံရှိ အိန္ဒိယကုမ္ပဏီများကလည်း ဗြိတိန်ပြည်သူပေါင်း ၁၀၀၀၀၀ ကျော်အား အလုပ်ခန့်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages