ခြောက်ကြိမ်မြောက် စက်ရုပ်ပြပွဲ တရုတ်တွင် ကျင်းပ

Mon, 05/20/2019 - 06:13 -- admin_ygn

     တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယုယောင်မြို့တွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စက်ရုပ်ထိပ်သီးပြပွဲကို မေ ၉ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်းပခဲ့သည်။  အဆိုပါ စက်ရုပ်ထိပ်သီးပြပွဲတွင် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံ) ကျော်ရှိသည့် ရင်းနှီးမြုှပ်နံှမှုစီမံကိန်း သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့နိုင်ကြောင်း သိရသည်။ သုံးရက်ကြာကျင်းပသည့် အဆိုပါ ခြောက်ကြိမ်မြောက် 6th China Robotop and Intelligent Economic Talent Summit ပြပွဲကို စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုသူ အများအပြားရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
       တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါ  ခြောက်ကြိမ်မြောက် 6th China Robotop and Intelligent Economic Talent Summit ပြပွဲတွင် စက်ရုပ်တီထွင် အသုံးချမှုပညာနှင့် ဉာဏ်ရည်ရှိ ကုန်ထုတ်လုပ်ခြင်းကဏ္ဍများရှိ ဦးဆောင်လုပ်ငန်း ပေါင်း ၈၀ နီးပါးမှ နောက်ဆုံးပေါ် စက်ရုပ်များနှင့် အဓိကအစိတ်အပိုင်းများကိုလည်း ပြသခဲ့သည်။ အဆိုပါ ပြပွဲအတွင်း သုတေသနနှင့် လျှောက်ထားခြင်း၊ စီးပွားရေးလုပ်ငန်း များနှင့်  ဈေးကွက်၊ ငွေလုံးငွေရ င်းနှင့် စွမ်းရည်အပါအဝင် ခေါင်းစဉ်များခွဲကာ သီးခြားဖိုရမ်များကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ စီမံကိန်း ၂၈ ခုက စက်ရုပ်များ၊ ဉာဏ်ရည်ရှိ ကုန်ထုတ်လုပ်ခြင်း၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်ခြင်းများအား အဓိက ထားပြီး ယင်းစီမံကိန်း ၂၈ ခုသည် စက်ရုပ် တီထွင်အသုံးချမှုပညာနှင့်   ဉာဏ်ရည်တု   စက်မှုလုပ်ငန်းများ အရည်အသွေးမြင့်  ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်တို့ကို များစွာ မျှော်လင့်ထားကြောင်း သိရသည်။

 

ဟန်နေသစ်