ပြည်တွင်းရွှေနှင့် နိုင်ငံတကာရွှေဈေးမြင့်တက်

Wed, 07/03/2019 - 05:15 -- admin_ygn

    ပြည်တွင်းရွှေဈေးနှင့် နိုင်ငံတကာရွှေဈေးတို့မှာဇွန်လပထမပတ်ကတည်းက  စံချိန်တင်မြင့်တက်ခဲ့ရာမှ ယခုတစ်ပတ်တွင်လည်း   ဆက်လက်မြင့်တက်ခဲ့သည်။ ဇွန်လတတိယပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်  ၁၀၉၈၀၀၀ ရှိခဲ့ရာမှ ယခုရက်သတ္တပတ်အတွင်း ကျပ် ၁၁၁၅၀၀၀သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ "ရွှေဈေးတက်နိုင်မယ့်အခြေအနေတွေရှိနေပါသေးတယ်။ တရုတ်-အမေရိကန် ထိပ်သီးတွေဖြစ်တဲ့ ရှီနဲ့ထရန့်တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ရင် ကျိန်းသေပါပြီ။ ဂျပန်မှာတွေ့ဆုံမယ့် ဒီဆွေးနွေးပွဲက အနာဂတ်ရွှေဈေးနဲ့ အကြီးအကျယ်ကို ချိတ်ဆက်နေပါတယ်။ ဒီလိုမရေရာတဲ့အခြေအနေတွေကြောင့် ရွှေဈေးက လွန်ခဲ့တဲ့ သုံးနှစ်အတွင်းအား အကောင်း ဆုံး ကာလဖြစ်နေတယ်။ ပြည်တွင်းမှာလည်း ရွှေဈေး က လိုက်မြင့်တက်နေတော့ဈေးကွက်မှာမျက်နှာပန်း လှနေတယ်။ ခုဆို ၁၁သိန်းကို တောင် ကျော်သွားတယ်"ဟု ပြည်တွင်းရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
     ပြည်တွင်းရွှေဈေးကွက်တွင် ဇွန်၂၄ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၁၁၀၉၀၀၀ရှိခဲ့ရာမှ  ဇွန်၂၆ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၁၂၀၀၀သို့မြင့်တက်ခဲ့ပြီး ဇွန်၂၁ရက်တွင်  ကျပ် ၁၁၁၅၀၀၀ သို့ ထပ်မံမြင့်တက် ခဲ့ကြောင်းသိရသည်။ကမ္ဘာ့ရွှေဈေးကွက် မှာတော့ ဇွန်၂၄ရက်ကရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၀၈ဒေါ် လာရှိခဲ့ရာမှ ဇွန်၂၆ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၀၆ဒေါ်လာသို့ေ ရာက် ရှိခဲ့သော်လည်း ဇွန်၂၈ရက် တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၁၄ ဒေါ်လာ ဖြင့် ဈေးပိတ်ခဲ့သည်။

 

သန်းထိုက်အောင်

International Trade News

Pages

Local Trade News

Pages