ပျော်ရွှင်ဆင်နွှဲ နိုင်ငံတကာကုန်စည်ပြပွဲ၊ ဂုဏ်ယူဝင့်ကြွား မြန်မာနေ့အခမ်းအနား

Wed, 08/07/2019 - 04:51 -- admin_ygn

        တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်မှ အောက်တိုဘာ ၇ ရက် အထိ " နိုင်ငံတကာ  ဥယျာဉ်ပန်းမန်စိုက်ပျိုးသည့် အတတ်ပညာပြပွဲ  (International  Horticultural Exhibition)"ကို ခြောက်လကြာ ကျင်းပလျက်ရှိသည်။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ပါဝင်ပြသလျက်ရှိသည်။ ၎င်းပြပွဲ၏ဆောင်ပုဒ် Theme မှာ Life Green, Life Better ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ ဘက်မှ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Commissioner General အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ကိုယ်စားပြုပြ ခန်းတွင် Htay Thit Sar International Co.,Ltd. မှလည်း ကောင်း တရုတ်ပြပွဲကျင်းပရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
       ယင်းကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ခိုင်မာစေ ရေး၊ ကုန်သွယ်မှုတိုးမြှင့်စေရေး၊  ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် အခြား အာဆီယံနိုင်ငံများ နည်းတူ ပါဝင်ပြသခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀ မှလည်း ပါဝင်ပြသလျက်ရှိ ကြောင်း သိရှိရသည်။ ပါဝင်ပြသသည့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံတစ်နိုင်ငံချင်းအလိုက် အလှည့်ကျ National Day အခမ်းအနားကို စည်ကား စွာ ကျင်းပပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနေ့(Myanmar National Day) အခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ် ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ International Pavilion ရှိ မြန်မာပြ ခန်း ခန်းမ ွ-၄၆ တွင်  ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ အဆိုပါမြန်မာနေ့အခမ်းအနားနှင့် တစ်ဆက်တည်း မြန်မာပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲ (Myanmar Export Promotion Seminar) ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။ မြန်မာနေ့ အခမ်းအနား စနစ်တကျနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် သက်ဆိုင်ရာ အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ပြီးဖြစ်သည်။
       မြန်မာနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးအခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာများနှင့် နိုင်ငံတကာမှ စိုက်ပျိုးပြ သထားသည့် သစ်သီးဝလံ ပန်းမန်နှင့် ရိုးရာအမွေအနှစ် အထိမ်းအမှတ်များအား လေ့လာကြည့်ရှုနိုင်စေရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။ အထက်ပါမြန်မာနေ့အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ခေါင်းဆောင်၍ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးပါဝင်သည့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန် မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်၊ အတွင်းရေးမှူး ဦးကျော်သူနှင့် ဒေါ်စန္ဒာမျိုး၊ ဒေါ်နီလာဦး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၊ ဒေါ်ဝင်းပပ၊ ဒေါ်အိအိဌေးမြင့်၊ ဒေါ်ဇင်မီသိမ့်၊ မြန်မာနိုင်ငံရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့်ပို့ ကုန်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ ဦးထွန်းအေး၊ အတွင်းရေးမှူး (၂) ဦးအောင်နိုင်၊ ဒေါ်ဝမ် လီရင် စသည့် ပုဂ္ဂလိကလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့များ၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်သော အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအကအဖွဲ့မှ ဒေါ်မေမွန်သင်း၊ ဒေါ်ဆောင်းနှင်းဝေေ၀၊ ဒေါ်စန်းဝါဝါလှိုင်၊ ဒေါ်ဝေဖူးငယ်၊ ဒေါ်ခင် ရတနာသိမ့်၊ ဒေါ်စိမ်းလဲ့ခင် စသည်ဖြင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၅ ဦးခန့် တက်ရောက်ကြမည်ဖြစ်သည်။

 

ဝင်းသန်းကျော်(ကုန်သွယ်မြှင့်)

International Trade News

Pages

Local Trade News

Pages