ပေါ်ဆန်းနဲ့ ဧည့်မထဆန်များ ဒိုင်သို့အဝင်ပုံမှန်ရှိပြီး ဈေးကွက်အခြေအနေပုံမှန်ရှိ

Tue, 06/14/2016 - 06:24 -- admin_ygn

             ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၁၀ ရက် လက်ကား ဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ အလတ်စ  ဆန်တစ်အိတ် ၃၂၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ထိပ်စ ဆန်တစ် အိတ်ကို ၅၀၀ ကျပ်ခန့်  ဈေးမြင့်လာ ပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်ဖြစ်လို့  ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း၊ နယ်စုံပေါ်ဆန်းဆန် များကတော့ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ် ပတ်နဲ့  ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်လတ်စ  တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ဝါးတန်းကုန်စည် ဒိုင် ဈေးနှုန်းများ အရ စိစစ်တွေ့ရှိရပါတယ်။  ပေါ်ဆန်းဆန်ချော ကုန်စည်ဒိုင်သို့  အဝင်နည်းခြင်းကြောင့် ဆန်ဈေး အနည်းငယ် မြင့်ရခြင်းဖြစ်ကြောင်း၊ အထိုက်အလျောက်ဝယ်လိုအားရှိကာ ဈေးကွက်အခြေအနေ ပုံမှန်ရှိကြောင်း ကုန်စည်ဒိုင်ဈေး ကွက်မှ စုံစမ်းသိရှိရပါ တယ်။
             ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန် ထိပ်စတစ်အိတ် ၂၃၅၀၀ ကျပ်၊ လတ်စ ဆန် တစ်အိတ် ၂၂၀၀၀ ကျပ်နဲ့  မနောသုခရှယ်  ဆန်တစ်အိတ် ၂၅၀၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်တို့ဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ ဈေးဆက်လက်ငြိမ်နေကြောင်း၊ နွေသီးထပ် (ရှယ်) ဆန် တစ်အိတ်  ၁၈၃၀၀ ကျပ်မှ ၁၉၈၀၀ ကျပ်ဖြင့်  ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး နွေဆန်ရက် ၉၀ ဆန်ဈေးနှုန်း တစ်အိတ် ၂၀၀၀၀ ကျပ်မှ ၂၁၀၀၀  ကျပ်ဖြစ်လို့ တစ်အိတ်  ၅၀၀ ကျပ်မှ  ၁၀၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ကုန်စည်ဒိုင် ဈေးနှုန်းများအရ စိစစ်တွေ့ရှိရပါတယ်။ ဧည့်မထဆန်ကြမ်းဖြစ်တဲ့   နွေသီးထပ် (ရှယ်)ဆန်နဲ့  ရက်၉၀ ဆန်များဈေး တက်လာသော်လည်း ရောင်းဝယ်မှုမှာပုံမှန်ရှိပြီး  ဒိုင်သို့လည်း အဝင်ပုံမှန်ရှိ ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ မူဆယ်ဆန်ဈေးကွက်ရဲ့ ဇွန် ၁၀ ရက် ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်၊ မှော်ဘီနဲ့  စူပါတစ်အိတ် ကို ၁၄၀-၁၄၃ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့ စူပါ တစ်အိတ်ကို ၁၃၇-၁၃၉ ယွမ်၊ ဧည့်မထ ၂၅ မှတ် မနောသုခတစ်အိတ် ၁၃၀-၁၃၆ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ် ၁၃၉-၁၄၀ ယွမ်၊ ငစိန် ၂၅ မှတ် တစ် အိတ် ၁၃၅-၁၃၇ ယွမ် အသီးသီးဖြစ်ခဲ့ကြ ပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ တရုတ်လိုင်းမူဆယ်ရဲ့ ဆန် ဈေးကွက်အခြေအနေမှာ  အစစ်အဆေး အနည်းငယ်ရှိပေမယ့် ကုန်သည် ၈ ဦး ခန့် လာရောက်ဝယ်ယူမှု ရှိနေကြောင်း၊ ဈေး ငြိမ်ေ နသော်လည်း အရောင်းအဝယ်မှာ ပုံမှန်ရှိနေကြောင်း   မူဆယ်ဆန်ဈေးကွက်မှ  စုံစမ်းသိရှိရပါတယ်။   ဇွန် ၁၀ ရက် ငွေလဲနှုန်းမှာ  တစ်ယွမ်ကို ၁၇၉ ဒသမ ၈၅ ကျပ်ဖြစ်ကြောင်း၊  ပြည်တွင်း နယ်စုံမှ မူဆယ်သို့ နေ့စဉ် ဆန်တန် ချိန် တစ်ရက် ပျမ်းမျှ ၂၃၀၆ တန်ခန့် ဝင် ရောက်ခဲ့ပြီး ယခုတစ်ပတ်အတွင်း စုစု ပေါင်း ဆန်တန်ချိန် ၁၁၅၂၉ တန်ခန့် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
           မြန်မာ့ဆန်နဲ့   ဆန်ကွဲပြည်ပ တင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန်  ၃ ရက်အထိ  တင်ပို့မှုမှာ တန်ချိန် ၁၂၇၅၇၆ ကျော်၊ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ ၄၄  သန်းကျော်ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ ဆန်တင် ပို့မှု အနေနဲ့ တန်ချိန် ၉၉၇၂၂ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၆ သန်းကျော်ရှိ ပြီး  ယခင်ဘဏ္ဍာနှစ်  ကာလတူထက် တန်ချိန် ၁၃၆၆၁၉ ကျော်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၄၉ သန်း  ကျော်ဖိုး လျော့နည်း တင်ပို့ ခဲ့ပါတယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၇၈၅၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ သန်းကျော်   ရှိနေပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန် ချိန် ၈၁၈၂၆ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၅ သန်းေ ကျာ်ဖိုး လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါ တယ်။

 

MT-YGN

Local Trade News

Pages