မြေသြဇာဈေးကွက် အရောင်း အနည်းငယ်တက်

Tue, 06/21/2016 - 08:06 -- admin_ygn

       ဇွန် ၅ ရက်မှ ၁၁ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၁၀၄၉၈ ကျော်အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ ၈၉၉၀ တန်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၅၀၀ ကျော် အဝင်ပို ခဲ့တယ် လို့ သိရပါတယ်။ နယ်စပ် လမ်းမှယခုတစ်ပတ် မြေသြဇာအဝင်မှာ ၃၁၄၉၈ တန်ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၃၃၉၇၅ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၄၇၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါေ ကြာင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုပြီး နယ်စပ်လမ်းမှ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။
        မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာတော့ မိုးသီးနှံအတွက် နယ်ဘက်မှ အဆွဲရှိလို့  အရောင်းအဝယ်   ကောင်းခဲ့တယ်။ ခုတော့နယ်ဆွဲအားနည်း သွား တာကြောင့် အရောင်းနည်းနည်း လျော့လာခဲ့ကြောင်း စိုက်ပျိုးရေးအရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်ထက် အရောင်းပါးပေမယ့် ဈေးကတော့ ပြောင်းလဲမှု မရှိသေးဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ်လည် (ထိုင်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ပတ် လည် (ထိုင်း) ၂၉၀၀၀ ကျ ပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၀၅၀၀ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၂၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။ မကွေးဈေးကွက်မှာ အေ ရာင်းအေးပေမယ့် ဈေးတွေကတော့ နည်းနည်း အတက်အကျ ရှိနေတယ်လို့ သိရပါတယ်။ အာမို ၁၀း၁၀း၅ က၂၀၀ ကျပ်၊ အာမို ၁၅ ပတ်လည်က ၁၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၁၅၀၀ ကျပ်၊ တီစူပါ က ၂၅၀၀ ကျပ်ဈေးမြင့်ခဲ့ပြီး ယူရီးယားက(ပန်းဖူး)၁၄၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်)က ၆၀၀ ကျပ်ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၅၀၀ ကျပ်၊ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၆၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၆၂၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၅၀၀ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၈၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၅၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)၂၀၂၀၀ ကျပ်၊  ယူရီးယား-ပုလဲ (ရွှေတော င်- တရုတ်) ၁၉၇၀၀ ကျပ်၊ ယူရီးယား ၁၇၈၀၀ ကျပ်၊ မြားကမ္ဘာ ၁၅းရး၈ ၂၃၀၀၀ ကျပ်၊တီစူပါ ၂၃၀၀၀ ကျပ်၊ တောင်သူမ ၁၆၀၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်း သိရှိရပါတယ်။
          မန္တလေးဈေးကွက်မှာ မြေသြဇာများက အရောင်းအဝယ်အေးပြီး ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၆၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး- တရုတ်) ၂၀၀၀၀ကျပ်၊ တီစူပါ(GTSP ၄၆%-တရုတ်)၁၈၈၀၀ ကျပ်၊ ကွန်ပေါင်း  ၁၀း၁၀း၅ ၁၅၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါ တယ်။ တောင်ကြီးဈေးကွက်မှာ မြေ သြဇာက အေ ရာင်းအေးပြီး ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။  မိုးများ လာတာကြောင့် မြေဆီပက်တာလည်း နားလာကြတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ  ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၇၀၀ ကျပ်၊ ယူရီး ယား -ပုလဲ(ရွှေတောင်-တရုတ်)၁၉၇၀၀ ကျပ်၊ယူရီးယား -ပုလဲ(ပန်းဖူး-တရုတ်)၂၁၂၀၀ ကျပ်၊ တီစူပါ၂၀% ၁၃၂၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၇၀၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၆၅၀၀ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀၀၀ ကျပ်၊  မြားကမ္ဘာ ၁၇၀၀၀  ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages