ပုသိမ်ခရိုင်အတွင်း စပါးဈေးနှုန်း ၄၆ ပေါင်၊ တင်း ၁၀၀ ကို ငါးသိန်းကျော်ဈေးနှုန်းဖြင့် အရောင်းအဝယ်သွက်လျက်ရှိ

Wed, 02/03/2016 - 07:22 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် ဧည့်မထအုပ်စုမိုးစပါးပေါက်ဈေးနှုန်းမှာပုသိမ် မြို့နယ်တွင် ၄၆ ပေါင်တင်း၁၀၀ ကို ၅၈၀၀၀၀ ကျပ်ဈေး၊ ဆန်သစ်တစ်အိတ် ၂၂၀၀၀ ကျပ်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၄၆ ပေါင်စပါးတင်း ၁၀၀ ကို ၅၀၃၀၀၀ ကျပ်ဈေး၊ ဆန်တစ်အိတ် ၂၂၀၀၀ ကျပ်ဈေး၊ သာပေါင်းမြို့နယ်တွင် ၄၆ ပေါင် စပါးတင်း ၁၀၀ ကို ၅၁၉၀၀၀ ကျပ်ဈေး၊ ဆန်သစ်တစ်အိတ် ၂၂၀၀၀ ကျပ်ဈေး၊ ငပုတောမြို့နယ်တွင် ၄၆ ပေါင် တင်း ၁၀၀ ကို ၅၃၆၀၀၀ ကျပ်ဈေး၊ ဆန်တစ်အိတ် ၂၁၅၀၀ ကျပ်ဈေး၊ကျုံပျော်မြို့နယ် တွင် ၄၆ ပေါင်စပါးတင်း၁၀၀ကို ၅၂၄၁၀၀ ကျပ်ဈေး၊ဆန်တစ်အိတ် ၂၁၀၀၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါတယ်။
ဒေသတွင်းဆန်စားသုံးမှုမှာဝယ်လိုအားများပြီး မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ မအူပင်၊ ညောင်တုန်းမြို့နယ်တို့ မှာ ၄၆ ပေါင်စပါးတင်း ၁၀၀ကို ၅၅၀၀၀၀ ကျပ်အထက်ဈေးနဲ့ဆန်တစ်အိတ်ဈေးနှုန်းမှာလည်းကျပ်နှစ်သောင်း ကျော်ပြီး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဝန်း ကျင်ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။       

မင်းမင်းဦး-ပုသိမ်

Local Trade News

Pages