ဒေါ်လာတန်ဖိုးကျဆင်းမှုနှင့်အတူ ဘရာဇီးပဲပုပ်စေ့ဈေးနှုန်းများ အနည်းငယ် ကျဆင်းခဲ့

Wed, 12/29/2021 - 05:05 -- admin_ygn

အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းမှုနှင့် အတူ ချီကာဂိုဈေးကွက်တွင်  ပဲပုပ်စေ့ကြိုပွိုင့် အရောင်းအဝယ်ဖြစ်မှုများ   ကျဆင်းခဲ့သဖြင့် ဒီဇင်ဘာ ၇ ရက်တွင် ဘရာဇီးနိုင်ငံရှိ သီးနှံဈေး ကွက်များ၌ ပဲပုပ်စေ့ဈေးနှုန်းများ  အနည်းငယ် ကျဆင်းခဲ့သည်။ ၆၀ ကီလိုဂရမ်အလေးချိန်ရှိသည့် ပဲပုပ်စေ့ တစ်အိတ်တန်ဖိုးသည် Passo Fundo (RS) ဈေး ကွက်တွင် ၁၇၀ ဒသမ ၅၀ ဟဲရာမှ ၁၆၉ ဒသမ ၅၀ ဟဲရာသို့လည်းကောင်း၊  Mission Region ဈေးကွက်တွင်   ၁၇၁ ဟဲရာမှ ၁၆၉ ဟဲရာသို့ လည်းကောင်း၊  Port of Rio Grande ဈေးကွက် တွင် ၁၇၆ ဟဲရာမှ ၁၇၄ ဟဲရာသို့လည်းကောင်း၊ Port of Paranaguá (PR) ဈေးကွက်တွင်  ၁၆၆ ဟဲရာမှ ၁၆၄ ဟဲရာသို့ လည်းကောင်း၊ Rondon ópolis(MT)  ဈေးကွက်တွင်  ၁၇၁ ဟဲရာမှ ၁၆၉ ဒသမ ၅၀ဟဲရာသို့လည်းကောင်း၊Dourados (MS)  ဈေးကွက်တွင်    ၁၅၅ ဟဲရာမှ ၁၅၄ ဟဲရာသို့ လည်းကောင်း၊Port of Paranaguá (PR) ဈေးကွက်တွင် ၁၅၇ ဟဲရာမှ ၁၅၅ ဟဲရာသို့ လည်းကောင်း၊  Rio Verde (GO) ဈေးကွက်တွင် ၁၅၅ ဟဲရာမှ ၁၅၃ ဟဲရာသို့လည်းကောင်း  ဈေးနှုန်းများ  ကျဆင်း ခဲ့သည်။
    ဒီဇင်ဘာ ၇ ရက်တွင်  ချီကာဂိုသီးနှံဈေး ကွကf(Chicago   Commodity  Exchange - CBOT)၌ ပဲပုပ်စေ့ ကြိုပွိုင့်ရောင်းဝယ်မှုများ ကျ ဆင်းခဲ့ပြီး ပဲပုပ်စေ့ဈေးနှုန်းများလည်း ကျဆင်း ခဲ့သည်။ ပဲပုပ်စေ့ဈေးနှုန်း ကျဆင်းမှုသည် အမေ ရိကန်အစိုးရက   ထုတ်ပြန်မည့်   ဇီဝလောင်စာ မူဝါဒများနှင့် ဆက်စပ်လျက်ရှိသည်။ ဒီဇယ်ဆီ နှင့် ဓာတ်ဆီတို့တွင်   ရောစပ်ပါဝင်ရမည့်  ဇီဝ လောင်စာပမာဏအား လျှော့ချပေးမည့် မူဝါဒ တစ်ရပ်ကို အစိုးရက ထုတ်ပြန်ရန်‌ ဆောင်ရွက် လျက်ရှိရာ ပဲပုပ်စေ့မှ ထုတ်လုပ်သည့် ဇီဝလောင် စာနှင့် အီသနော လိုအပ်ချက်များ လျော့ကျသွား မည်ဖြစ်သည်။ချီကာဂိုသီးနှံဈေးကွက်၌  ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွက်   ပဲပုပ်စေ့ ကြိုပွိုင့်ရောင်း ဝယ်မှုသည်  တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ၂၅ ဆင့်မှ ၁၂ ဒသမ ၅၀ ဆင့်အကြား ဈေးနှုန်းဖြင့် အရောင်းအဝယ်  ဖြစ်လျက်ရှိပြီး မတ်လအတွက် ကြိုပွိုင့်ရောင်းဝယ်မှုတွင် အမေ ရိကန်ဒေါ်လာ ၁၂ ဒသမ ၅၈ ဆင့်တို့ဖြင့် ရောင်း  ဝယ်လျက်ရှိသည်။
    အခြား  ပဲပုပ်ထွက်ကုန်ဈေးကွက်၌ ဇန်န ဝါရီလအတွက် ကြိုပွိုင့်ရောင်းဝယ်မှုတွင် ပဲပုပ် စေ့အခွံ တစ်တန်လျှင် အမေရိကန်ဒေါ်လာ၃၄၉ ဒသမ ၇၀ နှင့် ပဲပုပ်ဆီ တစ်ပေါင်လျှင် ၅၇ ဒသမ ၁၀ ဆင့်တို့ဖြင့်  ဈေးနှုန်းများ  ဖြစ်ပေါ်လျက်ရှိ သည်။ နိုင်ငံခြားငွေ ရောင်းဝယ်သည့် ဈေးကွက် တွင် အမေရိကန်  တစ်ဒေါ်လာသည် ၅ ဒသမ ၆၁၉၀ ဟဲရာဈေးနှုန်းဖြင့်  ရောင်းဝယ်လျက်ရှိ နေသည်။    

ထွန်းအောင်ဇော် (စီးပွားရေးသံမှူး)
(မြန်မာသံရုံး၊ ဘရာဇီးမြို့)

International Trade News

Pages