ဇူလိုင်လအတွင်း မူဆယ်မှတရုတ်သို့ သစ်သီးဝလံတင်ပို့မှု အခြေအနေ

Fri, 07/17/2020 - 09:48 -- admin_ygn

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ သို့ နေ့စဉ် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇူလိုင် ၁ ရက် မှ ၇ ရက်အထိ သခွားတင်ပို့မှု မရှိသော်လည်း သရက် ၇၈ စီး၊ ၄၄၉ တန်နှင့် ဖရဲသီးနှစ်စီး၊ တန် ၃၀ တင်ပို့နိုင်ခဲ့သည်။
ဇွန်လနောက်ဆုံးပတ်နှင့် ယခုအပတ်တင်ပို့မှု နှိုင်းယှဉ် လျှင် ဇွန် ၂၄ မှ ၃၀ ရက်အတွင်း တင်ပို့မှု ၂၁၃ စီး၊ ၁၂၈၁ ဒသမ ၅ တန်ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက် တင်ပို့ မှုမှာ ၈၃၂ ဒသမ၅ တန် လျော့နည်းခဲ့သည်။ သရက် သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန်၇ ရက်တွင် တစ်တန်လျှင် ၃၀ဝ၀ ယွမ်ဖြင့် သရက်သီးဈေးနှုန်း ကျဆင်းလျက်ရှိသည်။
ဇူလိုင် ၇ ရက်မှစ၍ ကျောက်ဆည်ဒေသမှ ဖရဲစတင် တင်ပို့ပြီး ဈေးနှုန်းမှာ တစ်တန်လျှင် ၁၀ဝ၀ ယွမ် ဖြစ်ပါသည်။
မတ် ၂၉ ရက်မှစ၍ ယနေ့အထိ တရုတ်ပြည်တွင်း လူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ တရုတ်နိုင်ငံ (ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေ ရဆဲဖြစ်သလို သစ်သီးကား ယာဉ်မောင်းများကို ဝင်ခွင့် မပြုဘဲ တရုတ်ဘက်မှ ရွေးချယ်ထားသော ယာဉ်မောင်းများ ဖြင့်သာ အဝင်၊ အထွက် ပြုလုပ်နေရသည်မှာ ဧပြီ ၂၀ ရက် မှစ၍ ယနေ့အထိဖြစ်သည်။
နေမျိုးထိုက်ကျော်(မော်ရွှေလီ)

 

International Trade News

Pages