မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 11/21/2023 - 07:10 -- mocadmin

   မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၅၅၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၈၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၆၃၅)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

   မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၂၉.၃) တန်၊ ဂျင်းခရု (အရှင်) (၁၂.၄) တန်၊ ရွှံ့ဂဏန်း (အရှင်) (၆.၈၅) တန်၊ ဂဏန်း (အသေ) (၈.၃) တန်၊ ရေခူဆားနယ် (၂၄.၃)တန်၊ ကျောက်ပုဇွန် (အရှင်) (၀.၆၄)တန်၊ ပုစွန်ငါးပိ (၇) တန်၊ ငှက်ပျောသီး (၅၅) တန်၊ ငရုတ်သီးစိမ်း (၁၅.၈) တန်၊ ကြက်သွန်နီ (၇၀.၈) တန်၊ တံမြက်စည်း (၃၀၀၀၀) ခု တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၆) တန်၊ ပလတ်စတစ်ခွက် (၄) တန်နှင့် ကြွေပြား (၁၆၀၀) စတုရန်းမီတာ  တို့ဖြစ်သည်။

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၃၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၀၉) ကျပ် ခန့်ရှိကြောင်း သိရှိရသည်။

(DOT မောတောင်)                                                                             

Border Trade News

Pages