ဒေသထွက် ဝဥသီးနှံ ဈေးဆက်ကောင်းနိုင်

Wed, 08/21/2019 - 08:52 -- admin_ygn

       ကရင်ပြည်နယ်သည် စိုက်ပျိုး ရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး ကဏ္ဍတွင် ဆန်စပါး၊ ရော်ဘာ၊ သီးနှံ အမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အပြင် ဆေးဖက်ဝင်သီးနှံတွင် ပါဝင်သည့် ဝဥသီးနှံကို စိုက်ပျိုးလျက် ရှိသည်။ စိုက်ပျိုးပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်တွင် ဥများကို  တူးဖော်နိုင်ခြင်း၊ ပြည်ပဈေးကွက်ဝင်  ဖြစ်ခြင်းနှင့်အညီ ဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အတွက် အကျိုးအမြတ်ကို မျှော် ကိုးပြီး စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ထက်တစ်နှစ် ဈေးပိုရလာပြီး အရောင်းအဝယ်လည်း သွက်ခဲ့ကြောင်း သိရသည်။

       ဝဥသီးနှံကို မိုးဦးမေလတွင်စတင် စိုက်ပျိုးပြီး   မိုးအကုန်  ဆောင်းရာသီ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် မြေ ပေါ်ပင်ပိုင်းညှိုးခြောက်သွားချိန်မှာ တူး ဖော်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  ဝဥသီးနှံသည် ပြည်ပ ဝယ်လို အားရှိပြီး နိုင်ငံခြားဝင် ငွေရရှိနိုင်သော သီးနှံဖြစ်သည့်အတွက် ဝဥ၀ယ်လိုအားမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက်လာပြီး ဈေးကောင်းလည်းရရှိလာကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်တွင် ဝဥအဝါရောင်မျိုး အား ဝယ်လက်တွေက အဓိကဝယ်ယူလျက်ရှိပြီး ၂၀၁၇ နှစ်က ဝဥ အစို တစ်ပိဿာလျှင် ကျပ် ၂၅၀ မှ ၄၀၀၊ ဝဥအခြောက် တစ်ပိဿာ လျှင်  ကျပ်  ၄၀၀  မှ  ၆၀၀  အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်ထွက် ဝဥအခြောက် တစ်ပိဿာကို ကျပ် ၈၀၀ ဖြင့် စတင်ဈေးဖွင့်ခဲ့ပြီး ဈေးပိတ် ချိန်တွင် ဝဥအစို တစ်ပိဿာ  ကျပ် ၁၉၅၀၊ ဝဥအခြောက် တစ်ပိဿာကို ကျပ် ၁၃၂၀ ဈေးအထိ ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း   ဈေး ကွက်အတွင်းမှ သိရသည်။  ဝဥသီးနှံ ကို နိုင်ငံတကာတွင် ခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများ ပုံစံအမျိုးမျိုးနှင့် စား သောက်ကြကြောင်း ကျန်းမာရေး အတွက်လည်း အထောက်အကူပြုသည့် အပြင် တိုင်းရင်းဆေးနှင့် ခေတ်မီဆေး ဝါးအဖြစ် ထုတ်လုပ်သုံးစွဲနေကြောင်း သိရသည်။ ဈေးကွက်၌ ဝဥသီးနှံ ထွက်ချိန် တွင် အဝယ်ဒိုင်ခွဲငယ်လေးများ ဖွင့်ပြီး အရည်အသွေးအပေါ်မူတည်ကာ ဈေး ပေးအဝယ်ရှိခဲ့ကြောင်း၊ ယခု  ဝဥသီးနှံ ထွက်ရှိမည့်ကာလတွင်လည်း    နိပွန် ဖောင်ဒေးရှင်းမှ အရည်အသွေးအလိုက် ဈေးပေး  ဝယ်ယူမည်ဖြစ်ကြောင်း သိရ သည့်အတွက် ဝဥသီးနှံဈေးဆက်လက် မြင့်တက်ပြီး  အရောင်းအဝယ်လည်း သွက်လာနို င်ကြောင်း ဈေးကွက်အတွင်း မှသိရှိရသည်။

 

ခင်မောင်မောင်အုန်း (ဇွဲကပင်)

Local Trade News

Pages