ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၁၈-၁၂-၂၀၂၂ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန် လိုင်စင် (၁၉)စောင် (၀.၂၅၆) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့် စက်အပိုပစ္စည်းများ၊ ပန်းသစ်တော်သီး၊ လိမ္မော်သီး၊ စာရေးကိရိယာများ၊ ပိုးသတ်ဆေး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မှ (၁၈)ရက်နေ့ထိ ပို့ကုန်လိုင်စင် (၃) စောင်နှင့် သွင်းကုန်လိုင်စင် (၅၁၁)စောင် ခွင့်ပြုထုတ်ပေးခဲ့သည်။ အများဆုံး ပို့ကုန် ပစ္စည်းများမှာ ပဲမျိ
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးမှုမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသည်။
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုဒေသအလိုက် အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် ငါးမွေးမြူရေးကန်များကို စီးပွားဖြစ် တူးဖော်လုပ်ကိုင်လျက်ရှိသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်
ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကချင်ပြည်နယ်အတွင်းရှိ ချီဗွေ၊ ဆော့လော်နှင့် ကန်ပိုက်တီ ဒေသပတ်ဝန်းကျင်မှ ထွက်ရှိသော ရှောက်ကောများအား ယခု ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်းမှစ၍ တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့သည်။ ရှောက်ကော (၁) တန်လျှင် (၅၀၀၀)ယွမ်နှုန်းဖြင့် တင်ပို့ရောင်းချကြ ပြီး အဆိုပါ ရှောက်ကောအား တရုတ်နိုင်ငံတွင် ပေါင်းခံပြုပြင်ကာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြကြောင်း သိရှိရသည်။
၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ၁၃ရက်
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှတင်ပို့သော ပင်လယ်စာများအနက် မြန်မာ့ရှပ် (ခေါ်) ဂုံးများကိုလည်း နှစ်သက်စွာစားသုံးကြပါသည်။ မြန်မာ့ရှပ် (ခေါ်) ဂုံးများကို စားသုံးပါက ကျန်းမာရေးကောင်းမွန်သည့် အပြင် ခွန်အားအမြန်ပြည့်စေသည့် အစားအစာဖြစ်ကြောင်း ယုံကြည့်ကြသည့်အလျောက် တစ်နိုင်ငံလုံး နီးပါးစားသုံးကြပါသည်။ ရိုးရာအစားအစာများနှင့် တွဲဖက်စားသောက်ကြသည့်အပြင် အမျိုးမျိုးချက်ပြုတ် စားသောက်ကြပါသည်။ အဆိုပါ ရှပ်အားထိုင်းပြည်တွင်းစားသုံးသူများပါမက ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများမှာလဲ ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း သိရှိရသည်။
မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက် ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် စက်မှုကုန်ချောပစ္စည်းတစ်မျိုးဖြစ်သည့် ထွန်းရွှေဝါလိမ်းဆေးအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေး ကွက်သို့ ထိုးဖောက်ရောင်းချနိုင်ခဲ့သည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ ၆-၁၂-၂၀၂၂ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ ပို့ကုန်လိုင်စင် (၁)စောင်၊ တန်ဖိုး(၀.၃၆၉) ယွမ်သန်း တန်ဖိုးရှိသည့် လျှော်ဖြူ( ဆေးကုလားမ)နှင့် သွင်းကုန် လိုင်စင် (၂၄)စောင် (၁.၂၈၉)ယွမ်သန်းတန်ဖိုးရှိသည့် ရေစုပ်စက်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖိနပ်မျိုးစုံ၊ ပလပ်စတစ်အိတ် မျိုးစုံ၊ လိမ္မော်သီး၊ ပန်းသီး၊ တည်သီး၊ အဝတ်အထည်မျိုးစုံအစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့
ဗီယက်နမ်နိုင်ငံ၏ ပင်လယ်အစားအသောက် ထုတ်လုပ်သည့်လုပ်ငန်းမှ ပြည်ပသို့ တင်ပို့မှုတန်ဖိုး သည်၂၀၂၂ ခုနှစ် ပထမ(၁၀)လပိုင်း ကာလအတွင်းတွင် ၂၀၂၁ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၃၀%)ခန့် မြင့်မားခဲ့ပြီး၊ ပင်လယ်အစားအသောက်များတင်ပို့မှုသည် တိုးတက်မှုများစွာရှိခဲ့သော် လည်း၊ ၂၀၂၂ခုနှစ်နောက်ဆုံးလများနှင့် ၂၀၂၃ခုနှစ်ပထမ(၃)လအစပိုင်းကာလများတွင် တင်ပို့မှု တန်ဖိုးများမှာ ကျဆင်းလာမည့်အရိပ်အယောင်ရှိကြောင်းကို စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် Dr.
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၉-၁၁-၂၀၂၂)မှ (၃-၁၂-၂၀၂၂) ထိ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်း တင်ပို့မှုများရှိပြီး အများဆုံးပို့ကုန်ပစ္စည်းများအနေဖြင့် CMP ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ငရုတ်၊ ကော်ဖီစေ့၊ မြေပဲ၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ဆန်မှုန့်၊ အလူမီနီယံဖြတ်စတို့ဖြစ်ပါသည်။ ရေထွက်ပစ္စည်း တင်ပို့မှု သည် မဲဆောက်မှတစ်ဆင့် ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းများ အား ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂တို့မှတဆင့် တစ်ဖက် နိုင်ငံသို့ အမြန်ရောက်ရှိရေးအတွက် ဦးစားပေးဆောင်