DotBorderdep

     ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် (၃.၈) ရာခိုင်နှုန်းတိုးတက်လာမည်ဟု ယုံကြည် ကြောင်း EECO က ပြောကြားခဲ့သည်။

     သို့သော်လည်း အတိုးနှုန်းမြင့်တက်မှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်  မြင့်တက်မှုများကြောင့် တင်ပို့ ခြင်း (Export) တွင် ကျဆင်းနေဆဲဖြစ်သည်။

    ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ်တွင် ထိုင်းစီးပွားရေးသည် (၄.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း EECO ကပြောကြားခဲ့သည်။

DotBorderdep

       ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ ၃-၁-၂၀၂၃ ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန် လိုင်စင် (၁၇)စောင် (၂.၅၂၄)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပန်းသီးနှင့် လိမ္မော်သီး အစရှိသည်တို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မှ  (၃)ရက်နေ့ထိ ပို့ကုန်လိုင်စင် ( - )စောင်နှင့် သွင်းကုန်လိုင်စင် (၃၄)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၃-၁-၂၀၂၃) ရက်နေ့တွင် အများ

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ကြံ၊ လက်ဘက်ခြောက်၊ နှမ်းဖြူ၊ နှမ်းနက်နှင့် မြေပဲဆံတို့ကို အဓိက ထားတင်ပို့လျက် ရှိသည်။ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံပါမစ်ခွင့်ပြုချက်ဖြင့် ကြံရာသီ ရောက်ရှိ လာပြီ ဖြစ်သည့်အတွက် ကြံတင်ပို့မှုများလည်းများပြားလာလျက်ရှိသည်။ ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုအပတ်တွင် ပို့ကုန်တစ်တန် လျှင် (၇၀၀၀၀) ကျပ်ရှိကြောင်းသိရှိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းများမှာဧည့်မထဆန် (၃၇၂) ဒေါ်လာနှုန်း၊ ဆန်ကွဲမှာ (၃၅၀) ဒေါ်လာနှုန်း၊ ပြောင်းမှာ (၃၀

DotBorderdep

     ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့အတွင်း တစ်ဖက် ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် ပရာကျွတ်ကရီခမ်မြို့သို့ အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(From D)ဖြင့်  ကြက်သွန်နီ(၃၄.၄၀)တန်၊ငါးမှုန့် (၈၁၀)တန်၊ တံမြက်စည်းမွှေး (၆.၂၅)တန်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုးဒေါ်လာ  (၀.၇၄၇) သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။

DotBorderdep

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့် တို့ဖြစ်သည်။

    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ရေထွက်ပစ္စည်းအမှန်တင်ပို့နိုင်မှုမှာ တန်ချိန် ၂၆၆၅၇၃၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၂ဒသမ၇၉၆ သန်း ဖြစ်သည်။ ၂၀၂၁-၂၀၂၂ (Mini- Budget) ကာလ၌ တန်ချိန် ၁၆၁၂၀၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၀ဒသမ၃၀၁ သန်း တင်ပို့နိုင်ခဲ့သည်။

DotBorderdep

      မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ဒီဇင်ဘာလအတွင်း ကြက်သွန်နီ (၃၆၉) တန်၊ အမေရိကန်ဒေါ်လာ (၀.၃၃၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်းတွေ့ရှိရသည်။ ကုန်သည်များအနေဖြင့် ကြက်သွန်နီတင်ပို့ရာတွင် အကောက်ခွန်သက်သာခွင့်ဆိုင်ရာအကျိုးခံစားခွင့် (Form-D) ဖြင့် တင်ပို့လျက်ရှိ သည်။

DotBorderdep

     ငွေကြေးဖောင်းပွမှုကို လျှော့ချပြီးနှစ်သစ်တွင် ငွေလဲနှုန်းတည်ငြိမ်စေခြင်းဖြင့် ဘင်္ဂလား ဒေ့ရှ်၏ စီးပွားရေးတိုးတက်မှုအရှိန်ပြန်ရလိမ့်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့် ကြကြောင်း၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၏ Dhaka Tribuneသတင်းစာတွင် ဖော်ပြထားသည်။

DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှဒီဇင်ဘာလထိ) ပို့ကုန် (၅၅၀.၁၁၈) ကန်ဒေါ်လာသန်း၊သွင်းကုန် (၁၀၃၂.၄၁၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅၈၂.၅၃၄)ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ပါသည်။ ယခင်နှစ် ကာလတူ ပို့ကုန် (၇၇၂.၇၄၈) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၀၆၉.၉၉၄)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၈၄၂.၇၄၂) ကန်ဒေါ်လာသန်း ဆောင်ရွက်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှဒီဇင်ဘာလထိ) သည် ယခင်နှစ်ကာလတူထက် ပို့ကုန်(၂၂၂.၆၃၀)ကန်ဒေါ်လာသန်း၊သွင်းကုန် (၃၇.၅၇၈)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ (၂၆၀.၂၀၈) ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။

DotBorderdep

     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၅-၁၂-၂၀၂၂)မှ (၂၆-၁၂-၂၀၂၂)ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ Dried Drumstick Seed ၊ Nux Vonieca Seed တို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်း များမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးတီ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ကကတစ်၊ ငမုတ်၊ ငါးကွင်းရှပ်၊ ကဏန်း၊ ငါးစီလုံး၊ ငါးမွှေထိုး၊ ပုစွန်၊ ကတ်ကူရံတို့ တင်ပို့ လျက်ရှိပါသည်။ အများဆုံး ပို့ကုန်ပစ္စည်း ကတော့ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ရေထွက်တို့ဖြစ်သည်။

DotBorderdep

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့

     မောင်တောကုန်သွယ်ရေးစခန်းမှ လယ်ယာထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် အုန်းသီးများအား ပြည်ပ ပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။