Form-D အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ြမန်မာ့ကြက်သွန်နီ တင်ပို့မှု ြမင့်တက်လျက်ရှိ

      မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ ဒီဇင်ဘာလအတွင်း ကြက်သွန်နီ (၃၆၉) တန်၊ အမေရိကန်ဒေါ်လာ (၀.၃၃၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်းတွေ့ရှိရသည်။ ကုန်သည်များအနေဖြင့် ကြက်သွန်နီတင်ပို့ရာတွင် အကောက်ခွန်သက်သာခွင့်ဆိုင်ရာအကျိုးခံစားခွင့် (Form-D) ဖြင့် တင်ပို့လျက်ရှိ သည်။

     တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ အပတ်စဉ် မြန်မာ့ကြက်သွန်နီ တန် (၅၀) မှ (၁၀၀) အကြား တင်ပို့နေရပြီး လက်ရှိပေါက်စျေးအနေဖြင့် (၁)တန်လျှင် ၂၀-၃၀ မီလီမီတာ အတွက် (၃၉၈၈၅) ဘတ်နှင့် ၂၅-၃၅ မီလီမီတာအတွက် (၄၄၀၃၆) ဘတ် ပေါက်ဈေးရှိကြောင်း သိရှိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ ကြက်သွန်နီ ဝယ်လိုအား မြင့်တက်လျက်ရှိကြောင်း သုံးသပ်တွေ့ရှိရ သည်။