MPT က မဟာသြင်္ကန်ကာလကို ရန်ကုန်တွင် Lucky Hand နှင့် မန္တလေးတွငIron Cross တို့ဖြင့် ဆင်နွှဲမည်

    ကျရောက်တော့မည့် မဟာသြင်္ကန်ကာလတွင် MPT အနေဖြင့် ရန်ကုန် မြို့နှင့်မန္တလေးမြို့တို့တွင်မဟာသြင်္ကန်မဏ္ဍပ်များတည်ဆောက်၍ဆင်နွှဲသွားမည်ဖြစ်ရာအဆိုပါမဏ္ဍပ်များတွင်ပေါ့ပ်နှင့်ရော့ခ်ဂီတတို့ဖြင့် ဆင်နွှဲသွားမည် ဖြစ်ကြောင်းသိရသည်။MPT၏ရန်ကုန်မြို့တွင်ဆင်နွှဲမည့်မဟာသြင်္ကန်ရေကစားမဏ္ဍပ်တွင် Lucky Hand ဂီတဝိုင်းဖြင့်လည်းကောင်း၊ မန္တလေးမြို့တွင်ဆင်နွှဲမည့် မဟာသြင်္ကန်ရေကစားမဏ္ဍပ်တွင် Iron Cross ဂီတဝိုင်းဖြင့် လည်း ကောင်း ပျော်ရွှင် စွာရေကစားကြမည်ဖြစ်ကြောင်း သိရသည်။မန္တလေးမြို့၏ ကျက်သရေဆောင်ဖြစ်သည့်ကျုံး၏မြောက်ဘက်တွင် တည် ဆောက်ထားမည့်MPT ရေကစားမဏ္ဍပ်တွင် မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြား သော ရော့ခ်ဂီတအဖွဲ့ဖြစ်သည့် Iron Crossမှ ပင်တိုင်အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့က လိဒ်ဂစ်တာ ချစ်စမ်းမောင်၊  ဘေ့စ်ဂစ်တာ ခင်မောင်သန့်၊ ကီးဘုတ်ဗညားနိုင်၊ ဒရမ်မာ ခရမ်းတို့နှင့်အတူ ပရိသတ်များအား ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ရန်ကုန်မြို့ပြည်လမ်းပေါ်ရှိ  MPT  ၏ ရေကစားမဏ္ဍပ်တွင် Lucky Hand  တီးဝိုင်းအဖွဲ့နှင့်အတူ ပေါ့ပ်၊ ရော့ခ်အဆိုတော်များဖြစ်သည့် ဝိုင်းစုခိုင်သိန်း၊ ချစ် ကောင်း၊ မေခလာ၊ အောင်ထက်၊ ဂရေဟမ်နှင့် နုနုစိန်တို့က ဖျော်ဖြေပေးသွားမည် ဖြစ်သည်။MPT-KGSM  ၏ Chief Commercial Officer  ဖြစ်သူ မစ္စတာကိုအိ ချိကာဝါဆဲက ''သြင်္ကန်ပွဲတော်ဟာ မြန်မာလူမျိုးတို့အတွက်ပျော် စရာအကောင်း ဆုံးနဲ့ အထင်ကရအဖြစ်ဆုံးပွဲတော်တစ်ခုပါ။ သုံးစွဲသူ ၁၉ သန်းကျော်ရှိနေတဲ့မြန်မာနိုင်ငံရဲ့အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ ရန်ကုန်နဲ့မန္တလေးမှာ အကောင်းဆုံးတေးဂီတအဖွဲ့တွေနဲ့ ပြည်သူတွေကိုဖျော်ဖြေနိုင်အောင် စီစဉ်ပေး နိုင်တဲ့အတွက် ကျေနပ်မိပါတယ်''ဟု ပြောကြားခဲ့သည်။ 

  မယ်သီတာ