ဖရဲသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဈေးကွက်ဝယ်လိုအားကောင်း သော ဖရဲသီးကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

   ဖရဲသီးကိုစိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ပြီး သက်တမ်း ၂၀ ရက်အကြာတွင် စိုက် ဘောင်ပေါ်သို့ ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ကျောက်စိမ်းဖရဲမျိုး၊ ဒုံးကျည်ဖရဲမျိုးနှင့် 855 ဖရဲမျိုး များကို ဖေ‌ဖော်ဝါရီလနှင့် မတ်လတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၃ လခန့်အကြာတွင် အသီးများ စတင်ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧကလျှင် ဖရဲမျိုးစေ့ ၁၀ ထုပ်ခန့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၄၀ ခန့်ကုန်ကျကာ တစ်ဧကလျှင် ဖရဲသီးအလုံးပေါင်း ၆,၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ စိုက်ခင်းသို့ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် ကျောက်ဆည်မြို့ပေါ်ရှိ သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များသို့ လည်း တင်ပို့ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြ ကြောင်း၊ ဖရဲသီးစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။